အညဝိညာပနသိက္ခာပုဒ်

From Wikipedia, the free encyclopedia

အညဝိညာပနသိက္ခာပုဒ်
Remove ads

အမှု—ထောပတ်ကိုတောင်းပြီးနောက် ရသောအခါ မလိုချင်ဟု ပြော၍ ဆီတောင်းမှု။

အမှုသည်—ထုလ္လနန္ဒာ။ []

အခြားတစ်မျိုးပြော၍ အခြားတစ်မျိုး တောင်းမှု

ထုလ္လနန္ဒာသည် မကျန်းမမာဖြစ်နေ၏၊ သူ့ကို ကြည်ညိုသော ဥပါသကာတစ်ယောက်သည် ဂိလာနအမေးလာ၍ “ရောဂါက ဘာရောဂါပါလဲ, ဘာကို ယူခဲ့စေလိုပါ သလဲ”ဟုလျှောက်၏၊ ထုလ္လနန္ဒာသည် “ထောပတ်အလို ရှိတယ်”ဟု ပြောလိုက်၏။ ဥပါသကာသည် ဈေးဆိုင်မှ ထောပတ်တစ်ကျပ်ဖိုး ဝယ်ခဲ့၍ ထုလ္လနန္ဒာအား လှူလေသော်... (ဒီလိုပြောရလျှင် ပါလာသော ထောပတ်ကို လှူပြီး ဆီကိုလဲ နောက်ထပ် လှူလိမ့်မည်” ဟု ယူဆ၍) “ဥပါသကာ... ထောပတ် အလိုမရှိတော့ဘူး၊ ဆီကိုအလိုရှိသည်” ဟု ပြောလေသည်။

Remove ads

ဥပါသကာ ကဲ့ရဲ့ခြင်း

ဥပါသကာသည် (ထိုထောပတ်ကို ထုလ္လနန္ဒာမျှော်လင့် ခြင်းသလို မလှူခဲ့ဘဲ) ဈေးသည်ထံ သွား၍ အရှင်မက ထောပတ်မလိုတော့ဘူးတဲ့, ဆီကို အလိုရှိသတဲ့၊ ဒါ့ကြောင့် အသင်၏ ထောပတ်ကို ပြန်ယူပြီး ဆီကိုပေးပါ”ဟု ပြောလေသည်၊ ထိုအခါ ဈေးသည်က “ရောင်းပြီးသော ဘဏ္ဍာကို ပြန်ပြီး လက်ခံရမယ်ဆိုလျှင် ကျွန်တော့ ကုန်ပစ္စည်းတွေ ဘယ်တော့ ကုန်တော့မှာလဲ၊ ဆီလိုချင်လျှင် ဆီအဖို့ ယူခဲ့ပေါ့”ဟု ပြောလေသည်၊ ထိုစကားလည်း အမှန်ပင် ဖြစ်နေရကား ဥပါသကာလည်း ရှေ့မပြောသာတော့ဘဲ ထုလ္လနန္ဒာကိုသာ “ခုတစ်မျိုး ခုတစ်မျိုး တောင်းရကောင်းလားဟု ကဲ့ရဲ့လေတော့သည်၊ ထိုကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

Remove ads

သိက္ခာပုဒ်

ယာ ပန ဘိက္ခုနီ အညံ ဝိညာပေတွာ အညံ ဝိညာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်

အကြင်ဘိက္ခုနီသည် အခြားတစ်မျိုးကို ပထမတောင်းပြီးနောက်၊ ပြောင်းလဲ၍ အခြားတစ်မျိုးကို တောင်းပြန်အံ့၊ ထိုဘိက္ခုနီသည် နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။

မှတ်ချက်

မကျန်းမမာသောအခါ သင့်တော်သော အစာနှင့်ဆေးကို တောင်းကောင်း၏၊ ထို့ကြောင့် ထောပတ်အပြင် ဆီကိုအလိုရှိ၍ ဆီကို ထပ်တောင်းလျှင်လည်းကောင်း, ဆေးဘက်အတူတူဝင်၍ ဆီက ဈေးချိုခြင်း စသော အကျိုးကိုပြောပြ၍ ထောပတ်တောင်းပြီးမှ ဆီကိုပြင်၍ တောင်းလျှင်လည်းကောင်း, အာပတ်မသင့်။


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads