အဋ္ဌကနာဂရသုတ်

From Wikipedia, the free encyclopedia

Remove ads

အရှင်အာနန္ဒာမထေရ် ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့တော်အနီး ဗေဠုဝရွာ၌ သီတင်းသုံးတော်မူစဉ် အဋ္ဌကမြို့သား ဒသမသူကြွယ် မေးလျှောက်သဖြင့် ဟောကြားတော် မူသည့်သုတ်။

ဘုရားရှင် ဟောကြားတော်မူသည့် ရူပသမာပတ်လေးပါး, ဗြဟ္မဝိဟာရတရား လေးပါး, ရှေ့အရူပသမာပတ်သုံးပါးအားဖြင့် (၁၁)ပါးသောတရားတို့တွင် သမာပတ် တစ်ပါးပါးကို “ဤတရားသည် ပြုပြင် (ခံ)အပ်သော တရားဖြစ်၏၊ စေ့ဆော်အားထုတ် မှုကြောင့် ဖြစ်ပေါ်လာသော တရားအားလုံးသည် အမြဲမရှိ၊ ချုပ်ပျောက်ခြင်းသဘော ရှိ၏”ဟု သိမြင်သဖြင့် မမေ့မလျော့ ပြင်းပြင်းထန်ထန် ပင်ပန်းခံ၍ နိဗ္ဗာန်သို့ စိတ်ကို စေလွှတ်၍ ရှုမှတ်နေသော ရဟန်း၏ (ကိလေသာတို့မှ)မလွတ်မြောက်သေးသောစိတ် သည်(ကိလေသာတို့မှ)လွတ်မြောက်၏။ မကုန်ခမ်းသေးသော အာသဝေါတရားတို့သည် ကုန်ခမ်းခြင်းသို့ ရောက်နိုင်၏။ မရောက်အပ်သေးသော အတုမဲ့ယောဂကုန်ရာ (နိဗ္ဗာန်) သို့လည်း ရောက်နိုင်၏။ အာသဝေါတရားတို့ ကုန်ခမ်းခြင်းသို့ မရောက်နိုင် သေးသည် ဖြစ်အံ့၊ ထိုတရား၌ တပ်မက်ခြင်း, နှစ်သက်တွယ်တာခြင်းဖြင့် အောက်ကာမဘုံ၌ ပဋိသန္ဓေနေရခြင်း သဘောရှိသော သံယောဇဉ်တရားတို့ ကုန်ခြင်းကြောင့် ဗြဟ္မာဘုံ၌ ဥပပတ်ပဋိသန္ဓေနေရသူ, ထိုဗြဟ္မာဘုံ၌ ပရိနိဗ္ဗာန်ဝင်စံရသူဖြစ်၍ ထိုဗြဟ္မာဘုံမှ ပြန်လည်တတ်သော သဘောမရှိတော့သူဖြစ်၏-ဟု ဟောတော်မူသည်။

အဋ္ဌကမြို့သား ဒသမသူကြွယ်သည် ရွှေအိုး (၁၁)လုံးရသော ဥပမာ, တံခါး ပေါက် (၁၁)ပေါက်ရှိသော မီးလောင်နေသောအိမ် ဥပမာတို့ဖြင့် အမြိုက်နိဗ္ဗာန် တံခါး ပေါက် တစ်ပေါက်ပေါက်ဖြင့် မိမိကိုယ်ကို ချမ်းသာအောင် ပြုခြင်းငှါ စွမ်းနိုင်ပါလိမ့်မည်။ သာသနာပြင်ပ တိတ္ထိယတို့သည် ဆရာစား ဥစ္စာကို ရှာမှီးကြကုန်သကဲ့သို့ တပည့်တော်သည်လည်း အရှင်မြတ်အာနန္ဒာအား ပူဇော်မှုကို ပြုလုပ်ပါသည်ဟု လျှောက်ထားပြီး ပါဋလိပုတ်မြို့နှင့် ဝေသာလီမြို့တော်ရှိ ရဟန်းတော်အားလုံးကို ပင့်ဖိတ်၍ ဆွမ်း ခဲဘွယ်ဘောဇဉ်များ လှူဒါန်းပြီး တစ်ပါးလျှင် သင်္ကန်တစ်စုံစီ လှူဒါန်းပါသည်။ အရှင်အာနန္ဒာမထေရ်အား တိစီဝရိက်သင်္ကန်းနှင့် ငါးရာတန်ကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပါသည်။

အဋ္ဌကထာ၌ -ဗေလုဝရွာ တည်နေပုံ၊ ဓမ္မရာဂ, ဓမ္မနန္ဒီပုဒ်များအဖွင့်၊ သုတ်တော်များနှိုင်းယှဉ်ချက် မှတ်သားဖွယ် ထေရဝါဒများနှင့် အာစရိယ ဓနပရိယေသန အကြောင်းတို့ကို ဖွင့်ပြထားပါသည်။ [] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads