အဒ္ဓစန္ဒြဟတ္ထ

From Wikipedia, the free encyclopedia

အဒ္ဓစန္ဒြဟတ္ထ
Remove ads

လခြမ်းပုံသဏ္ဌာန် လက်ကို ဟန်ပြထားခြင်းကို ခေါ်သည်။ လက်မနှင့် လက်ညှိုးကို လခြမ်း သဏ္ဌာန်ဖြစ်အောင် ကွေး၍ ထားပြီးလျှင် ကျန် လက်ချောင်းကလေးများကို အလိုက်သင့်ကွေးပြ ထားသည်။ ထိုလခြမ်းသဏ္ဌာန် သို့မဟုတ် စက်ကွင်းထက်ဝက်ပုံလို ဖြစ်နေသော လက်မလက်ညှိုး ကွင်းတွင် ဆီမီးခွက်ဖြစ်စေ, သပိတ်ခွက်တခုခုကိုဖြစ်စေ ကိုင်ထားလေ့ရှိသည်။ တခါတရံ မီးလျှံကိုပင် ကိုင်ဆောင်ထားဟန်ဖြင့် တွေ့ရတတ်သည်။ ရတနာသုံးပါးအား အမြဲတစေ တစုံတခုကို လှူဒါန်းပူဇော်နေကြရန် တိုက်တွန်း သတိပေးသော အနက်အဓိပ္ပါယ်ကို ဆောင်လေသည်။

Thumb

ပူဇာစ ပူဇာနေယျာနံ မင်္ဂလာ၊ ဒါနဉ္စမင်္ဂလာများကို သရုပ်ဖော်ဆောင်ထားခြင်း ဖြစ်သည်။ သန္တရသကို ပေါ်လွင်ထင်ရှားစေသည်။

ဒါနပါရမီစခန်းကို ညွှန်ပြခြင်း အနှစ်သာရ သဘောကိုလည်း သက်ရောက်စေလေသည်။ မြန်မာ့ရိုးရာ ဆီမီးခွက် ကဟန်များတွင် ဤအဒ္ဓစန္ဒြဟတ္ထပုံကို လေ့လာတွေ့ရှိနိုင်ပေသည်။ မီးရှူးမီးခွက် မီးကြာကပ်များကို ကိုင်ဆောင်ထားသော နတ်ဗြဟ္မာရုပ်တုများနှင့် နန်းတွင်းအပျိုတော်များပုံတွင်လည်း ဤအဒ္ဓစန္ဒြပုံကို တွေ့ရှိနိုင်ပါသည်။

ဟိန္ဒူဗြာဟ္မဏတို့ကိုးကွယ်ကြသော နဋရာဇနတ်ဘုရားရုပ်တုများတွင် ဤလက်ထားဟန်မျိုးကို မကြာခဏတွေ့ရှိရပေသည်။

အဒ္ဓစန္ဒြဟတ္ထပုံပါသော ရုပ်ပွားဆင်းတု ရုပ်တွင်း ရုပ်ကြွများကို ကိုးကွယ်သူသည် လာဘ်ရွှင်ခြင်း သူတပါး၏ ပူဇော်သက္ကာရကို ရရှိခြင်း, အမြဲထာဝရကုသိုလ်ဖြစ်နေခြင်းအကျိုးထူးများကို ရရှိ နိုင်ကြောင်း ဝဇီရာယာနကျမ်းဂန်များ၌ မိန့်ကြားထားပါသည်။ ယတြာချေသောအခါ၌ မိမိကိုယ်စား ရုပ်တုပြုလုပ်၍ ဤမုဒြာဟတ္ထဖြင့် ပူဇော်လေ့ရှိပါသည်။[] [] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads