အနာပုစ္ဆာအဘိနိသီဒနသိက္ခာပုဒ်

From Wikipedia, the free encyclopedia

အနာပုစ္ဆာအဘိနိသီဒနသိက္ခာပုဒ်
Remove ads

အမှု—ပစ္ဆာဘတ်အခါ၌ မတိုင်ကြားဘဲ နေရာထိုင်ခုံကို ခင်း၍ ထိုင်မှု။

အမှုသည်—ထုလ္လနန္ဒာ။ []

ထုလ္လနန္ဒာ၏ မတိုင်ကြားမှု

ထုလ္လနန္ဒာသည် ပစ္ဆာဘတ်အခါ (နေလွှဲအခါ)အိမ်တို့သို့ ချဉ်းကပ်၍ ဥစ္စာရှင်တို့ကို မတိုင်ကြားဘဲ နေရာထိုင်ခုံကို ခင်း၍ ထိုင်လည်း ထိုင်၏, လျောင်းလည်း လျောင်း၏၊ ဥစ္စာရှင်တို့သည် မိမိတို့ကို ခွင့်မတောင်းဘဲ ပိုင်စိုးပိုင်နင်း လုပ်မှုကို မကျေနပ်၍ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်

ယာ ပန ဘိက္ခုနီ ပစ္ဆာဘတ္တံ ကုလာနိ ဥပသင်္ကမိတွာ သာမိကေ အနာပုစ္ဆာ အာသနေ အဘိနိသီဒေယျ ဝါ အဘိနိပဇ္ဇေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်

အကြင်ဘိက္ခုနီသည် ပစ္ဆာဘတ်အခါ၌ အိမ်တို့သို့ ချဉ်းကပ်၍ ဥစ္စာရှင်တို့ကို ခွင့်မပန်ဘဲ နေရာထိုင်ခုံ၌ ထိုင်မူလည်း ထိုင်အံ့၊ လျောင်းမူလည်းလျောင်းအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

မှတ်ချက်

တချို့နေရာ၌ ဆွမ်းစားပြီးလျှင် မွန်းမလွဲခင် အချိန်ကိုလည်း ပစ္ဆာဘတ် (ဆွမ်းစားပြီးနောက်)ဟု ခေါ်၏။ ဤသိက္ခာပုဒ်၌ကား (ရှေ့သိက္ခာပုဒ်ဖြင့်-အရုဏ်တက်က မွန်းတည့်အထိ ယူခဲ့ပြီးဖြစ်သောကြောင့်) မွန်းလွဲမှစ၍ နေမဝင်မီအချိန်ကို “ပစ္ဆာဘတ္တ = ဆွမ်းစားပြီးနောက်”ဟု ခေါ်သည်။

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads