အနိစ္စာနုပဿီသုတ်
From Wikipedia, the free encyclopedia
Remove ads
(၂)သုတ် ရှိပါသည်။
[၁] ယုံကြည်ချက်အပြည့်အဝဖြင့် ရဟန်းပြုသော အမျိုးကောင်းသား၏ သန္တာန်၌ ဤသို့သော တရားအစဉ်ဖြစ်နေရမည်။ ခန္ဓာငါးပါး တစ်ပါးစီ တစ်ပါးစီ၌ အမြဲမရှိဟု ရှုမှတ်နေရမည်။ ဤသို့ ရှုမှတ်နေလျှင် ခန္ဓာငါးပါးကို ပိုင်းခြား၍ သိမြင်လာသည်။ ပိုင်းခြား၍ သိလျှင် ဒုက္ခ, ဒေါမနဿ, ဥပါယာသ, ဒုက္ခအားလုံးမှ ထွက်မြောက်၏-ဟု ဟောတော်မူသည့်သုတ်။
[၂] ဖော်ပြလတ္တံ့ပါ ပုဂ္ဂိုလ်ခုနစ်ဦးတို့သည် အာဟုနေယျဂုဏ်, ပါဟုနေယျဂုဏ်, ဒက္ခိဏေယျဂုဏ်, အဉ္ဇလီကရဏီယဂုဏ်, အနုတ္တရံပုညက္ခေတ္တလောကဿဂုဏ်တို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။
ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်သည် သင်္ခါရအားလုံးတို့၌ အမြဲမရှိဟု အဖန်ဖန်ရှုလျက် အမြဲမရှိဟူသော အမှတ်သညာရှိလျက် အမြဲမရှိဟုထင်ရှားစွာသိလျက် အမြဲမပြတ် တပါးသောစိတ်တို့နှင့် ရောနှောခြင်း အလျင်းမရှိသောစိတ်ဖြင့် နှလုံးသွင်းပြီး ဝိပဿနာဉာဏ်ပညာဖြင့် သက်ဝင်လျက်နေ၏။ ထိုသို့ ရှုမှတ်အားထုတ်ခြင်းကြောင့်
(၁) အာသဝေါကင်းကွာ ရဟန္တာဖြစ်သောပုဂ္ဂိုလ်၊
(၂) ကိလေသာကုန်ခြင်းနှင့်အသက်ကုန်ခြင်းတို့ တပြိုင်နက်ဖြစ်သော သမသီသီရဟန္တာပုဂ္ဂိုလ်၊
(၃) အန္တရာပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ်၊
(၄) ဥပဟစ္စပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ်၊
(၅) အသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ်၊
(၆) သသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ်၊
(၇) ဥဒ္ဓံသောတအကနိဋ္ဌဂါမီ အနာဂါမ်ပုဂ္ဂိုလ်-တို့ဖြစ်၏ဟု ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ/ဋီကာတို့၌ -သမသီသီပုဂ္ဂိုလ် (၅) မျိုးနှင့် အထက်ပါ ပုဂ္ဂိုလ်များကို သိမှတ်ဖွယ်များ ပြည့်စုံစွာဖွင့်ပြထားပါသည်။ [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads