အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်

From Wikipedia, the free encyclopedia

Remove ads

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (အင်္ဂလိပ်: National Management Degree College) သည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးဗိုလ်တထောင်မြို့နယ်တွင် တည်ရှိသော ကောလိပ်တစ်ခု ဖြစ်သည်။ အကျယ်အဝန်းမှာ ၃.၀၇၈ ဧက ဖြစ်သည်။

အချက်တိုများ ယခင် အမည်များ, ဆောင်ပုဒ် ...
Remove ads

သမိုင်းကြောင်း

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မတိုင်မီ ၁၉၄၈ ခုနှစ်တွင် သက်ကြီးတက္ကသိုလ် အဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် လုပ်သားများကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၇၆ ခုနှစ်တွင် ဒေသကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ) အဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ် (NMC) အဖြစ် လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC) အဖြစ် လည်းကောင်း ဖွင့်လှစ်ခဲ့သည်။[]

Remove ads

ဖွဲ့စည်းပုံ

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွင် အဓိကအားဖြင့် သင်ကြားရေးဌာနများ နှင့် စီမံခန့်ခွဲရေးဌာနများပါဝင်သည်။[]

သင်ကြားရေးဌာနများ

  1. စီးပွားရေးလုပ်ငန်းနှင့်စီးပွားရေးပညာဌာန
  2. သတင်းအတတ်ပညာဌာန
  3. ခရီးသွားလုပ်ငန်းပညာဌာန
  4. အင်္ဂလိပ်စာဌာန
  5. မြန်မာစာဌာန
  6. သင်္ချာဌာန
  7. ကွန်ပျူတာသိပ္ပံပညာဌာန

စီမံခန့်ခွဲရေးဌာနများ

  1. စီမံဌာန
  2. ဘဏ္ဍာဌာန
  3. သင်တန်းရေးရာဌာန
  4. စာကြည့်တိုက်ဌာန
  5. အင်ဂျင်နီယာဌာန
  6. ကွန်ပျူတာဌာန
  7. အားကစားဌာန

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads