အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)

From Wikipedia, the free encyclopedia

Remove ads

အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သည် အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာနအောက်ရှိ အစိုးရလက်အောက်ခံ စက်ရုံဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် ရှိသည်။

အချက်တိုများ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ...

နောက်ခံသမိုင်း

ပင်းပက်တောင်တွင် သံရိုင်းသိုက်ရှိကြောင်း ၁၉၅၁ ခုတွင် စတွေ့သည်။ [] သို့သော် ပြည်တွင်းပြည်ပ လက်နက်ကိုင်လှုပ်ရှားမှုကြောင့် လုပ်ငန်းမစနိုင်။ ၁၉၆၁ ခုတွင် ပြန်စရန် ပြင်သော်လည်း ၁၉၆၂ ခု အာဏာသိမ်းလိုက်ရာ တခန်းရပ်သွားသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ အမည်ခံ လက်နက်ကိုင်အဖွဲ့နှင့် အပစ်ရပ်ရန် သဘောတူမှု ရပြီးသည့် ၁၉၉၁ ခုတွင် နောက်တကြိမ် ကြိုးစားသည်။

၂၀၀၃ ခုတွင် သတ္တုတူးဖော်ရုံအတွက်သာ လုပ်ဆောင်ခဲ့သော်လည်း ၂၀၀၅ ခုမှစ၍ ပတ်ဝန်းကျင်ရှိ ပင်ငို၊ မုဲင်းဟုဲင်၊ ပုံးစင်၊ နောင်ကာကယ်၊ ထီအုန်းစိမ်း၊ စူမုဲင့်ရွာများနှင့် တောင်ကြီးမြို့အစွန်းပိုင်းမှ မြေအချို့ကို သိမ်းကာ စက်ရုံတည်သည်။ []

Remove ads

ထုတ်လုပ်မှုစွမ်းရည်

ဝန်ထမ်းအင်အား ၂၇၂ ဦး (အရာထမ်း ၁၀၊ အမှုထမ်း ၂၆၂) ဖြင့် တနှစ်လျှင် သံစိမ်း တန် ၂၀၀ ၀၀၀၊ သံရိုင်း တန် ၇၂၀ ၀၀၀ ကို ထုတ်လုပ်နိုင်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads