အယ်လက်ပိုမြို့
From Wikipedia, the free encyclopedia
Remove ads
အယ်လက်ပိုမြို့သည် ဆီးရီးယားနိုင်ငံတွင် လူနေ အထူထပ်ဆုံးဖြစ်သည့် အယ်လက်ပိုပြည်နယ်၏ မြို့တော် ဖြစ်သည်။ ၂၀၀၄ ခုနှစ် လူဦးရေစာရင်းအရ လူဦးရေ ၂,၁၃၂,၁၀၀ ဦး ရှိပြီး ဆီးရီးယား ပြည်တွင်းစစ် မတိုင်မီက အယ်လက်ပိုမြို့သည် ဆီးရီးယားနိုင်ငံ၏ အကြီးဆုံး မြို့ ဖြစ်ခဲ့သော်လည်း ယခုအခါ ဒမားစကပ်မြို့ ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးမြို့သာ ဖြစ်တော့သည်။
အယ်လက်ပိုမြို့သည် ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ပြီး ကမ္ဘာပေါ်တွင် ရှေးအခါမှစ၍ ယခုအထိ တဆက်တစပ်တည်း လူနေထိုင်ခဲ့သော မြို့များတွင် တစ်မြို့ အပါအဝင် ဖြစ်သည်။ အယ်လက်ပိုမြို့တွင် ဘီစီ ၆ ထောင်စု နှစ်မှ စ၍ လူနေထိုင်ခဲ့သည်ဟု ယူဆရသည်။ [၁] အယ်လက်ပိုမြို့ဟောင်း၏ တောင်ဘက် တဲလ်အက်စ်ဆောဒါး နှင့် တဲလ်အန်စာရီတို့တွင် တူးဖော်ရရှိခဲ့သော အထောက်အထားများ အရ ဘီစီ ၃ ထောင်စု နှစ်၏ နှောင်းပိုင်း ကာလကပင် အမိုရိုက်လူမျိုးတို့ နေထိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ [၂]အက်ဘလာ နှင့် မက်ဆိုပိုတေးမီးယား တို့တွင် တူးဖော်ရရှိခဲ့သော ကျူနီဖောင်း ရွှံ့စာချပ်များ၏ အဆိုအရ အယ်လက်ပိုအား အမိုရိုက် တို့၏ ရမ်ဟဒ် ပြည်နယ်၏ အစိတ်အပိုင်းအဖြစ် ဖော်ပြထားပြီး ကူးသန်းရောင်းဝယ်ရေး နှင့် စစ်ရေး ကျွမ်းကျင်သည်ဟု ဖော်ပြထားသည်။[၃] ထိုသို့ ရှည်လျားသော သမိုင်းကြောင်း ရှိရခြင်း၏ အကြောင်းတစ်ခုမှာ မြေထဲပင်လယ် နှင့် မက်ဆိုပိုတေးမီးယား (ယနေ့ခေတ် အီရတ်နိုင်ငံ) တို့၏ အလယ်တွင် ရှိသော မဟာဗျူဟာ ကျသည့် နေရာတွင် တည်ရှိသောကြောင့် ဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads