အရှေ့တီမော အမျိုးသားအားကစားကွင်း
From Wikipedia, the free encyclopedia
Remove ads
အရှေ့တီမော အမျိုးသားအားကစားကွင်း သည် အရှေ့တီမောနိုင်ငံ၊ ဒီလီမြို့တွင် တည်ရှိသော ဘက်စုံသုံးအားကစားကွင်းဖြစ်သည်။ ဒီလီမြူနီစီပယ်ကွင်းဟုလည်း လူသိများသည်။ ပရိသတ်ဦးရေ (၅,၀၀၀) ဝင်ဆံ့ပြီး ဘောလုံးပွဲများ အများဆုံးကျင်းပသည်။
Remove ads
သမိုင်းကြောင်း
၁၉၉၉ အရှေ့တီမော ပဋိပက္ခအတွင်းတွင် ဤကွင်းကို ယာယီဒုက္ခသည်စခန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ဖြန့်ချိရေးစခန်းအဖြစ် အသုံးပြုခဲ့သည်။ ၁၉၉၉ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ဤကွင်း၌ ရှေ့တန်းရောက် ဩစတြေးလျတပ်သားများအတွက် ဖျော်ဖြေပွဲ ကျင်းပခဲ့သည်။[၁][၂][၃]
လွတ်လပ်ရေးရပြီးနောက် ၂၀၀၄ခုနှစ်မှစ၍ အရှေ့တီမောဘောလုံးအဖွဲ့ချုပ်၏ စူပါလိဂ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲများ ကျင်းပခဲ့သည်။ ၂၀၀၅ခုနှစ်တွင် ခရစ္စတီးယားနို ရော်နယ်လ်ဒို လာရောက်ခဲ့ဖူးပြီး သမ္မတ ဇာနာနာ ဂတ်စ်မိုနှင့် ဓာတ်ပုံတွဲရိုက်ခဲ့သည်။[၄] ၂၀၀၆ခုနှစ် နိုင်ငံရေးအကြပ်အတည်းတွင် ဒုက္ခသည်စခန်းအဖြစ် ပြန်လည်အသုံးပြုခဲ့ပြန်သည်။
၂၀၁၅ခုနှစ် မတ်လ ၁၅ရက်နေ့တွင် အရှေ့တီမောအမျိုးသားဘောလုံးအသင်း၏ ၂၀၁၈ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် မွန်ဂိုလီးယားအသင်းနှင့်ယှဉ်ပြိုင်ကစားရာ အရှေ့တီမောအသင်းက (၄)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဤသည်မှာ ဤအားကစားကွင်းတွင် အိမ်ကွင်းအဖြစ် ပထမဆုံးကျင်းပသော နိုင်ငံတကာပွဲစဉ်ဖြစ်သည်။
Remove ads
အချက်အလက်များ
အားကစားကွင်းသည် ပရိသတ် (၅,၀၀၀) ဝင်ဆံ့သည်။ ၂၀၁၁ခုနှစ်နှင့် ၂၀၁၆ခုနှစ်များတွင် အကြီးစားပြန်လည်ပြုပြင်ခဲ့သည်။ ၂၀၁၆ခုနှစ် ပြန်လည်ပြုပြင်ရာတွင် အမေရိကန်ဒေါ်လာ ၁.၆၄သန်း အသုံးပြုခဲ့ကာ ပင်မပွဲကြည့်စင်ပြုပြင်ခြင်းနှင့် ထိုင်ခုံများ တပ်ဆင်ခြင်း၊ ရေချိုးခန်း၊ မီးစနစ်များ တည်ဆောက်ခြင်းတို့ ပါဝင်သည်။ ၂၀၁၉ခုနှစ် နှစ်လယ်ပိုင်းအထိ ပြုပြင်ရေးလုပ်ငန်းများ မပြီးဆုံးသေးပေ။ ထို့အတွက်ကြောင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် အခြေခံအဆောက်အဦးများ ဘက်ဂျက်အဖွဲ့က အမေရိကန်ဒေါ်လာ သုံးသိန်း ထပ်မံပေးခဲ့သည်။
အားကစားကွင်းတွင် ပြေးလမ်းလည်း ပါဝင်ကာ နွေရာသီအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် လေ့ကျင့်ရာတွင် အသုံးပြုသည်။ အားကစားကွင်း၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် ပွဲကြည့်စင်ရှိပြီး ပင်မပွဲကြည့်စင်တွင် အမိုးပါဝင်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads