အသင်္ချေယျကပ်
From Wikipedia, the free encyclopedia
Remove ads
[၁] အသင်္ချေယျကပ်၊ နှစ်ပေါင်း ဤရွှေ့ ဤမျှ ရှိ၏ဟု ရေတွက်မှန်းဆ၍ မဖြစ်နိုင်လောက် အောင် ရှည်လျားသော-ကပ်–အချိန် ကာလ။[၂]
ကပ် ၄-မျိုး
ယင်း-အသင်္ချေယျကပ်သည် ကပ် ၄-မျိုးတွင် အပါအဝင်ဖြစ်သည်။ ကပ်၄-မျိုးမှာ
တစ်ကမ္ဘာ
ထိုတွင်
- (၁) ကာလအားလျော်စွာ သတ်မှတ်ထားသော အသက် အပိုင်းအခြားသည် အာယုကပ် မည်၏။
- (၂) အသင်္ချေတမ်းမှ တဖြေးဖြေးဆုတ်၍ ၁၀-နှစ်တမ်းတိုင်အောင်, ၁၀-နှစ်တမ်းမှ တရွေ့ရွေ့ တက်၍ အသင်္ချေယျတမ်းတိုင်အောင် ဆုတ်ကပ် တက်ကပ် တစ်စုံသည် အန္တရကပ် မည်၏၊
- (၃) အန္တရကပ် ၆၄-ကပ်သည် တနည်း အန္တရကပ် ၂၀သည် အသင်္ချေယျကပ် မည်၏။
- (၄) အသင်္ချေယျ ကပ် ၄-ကပ်သည် မဟာကပ် (တစ်ကမ္ဘာ) မည်၏။ [၂]
တစ်ကမ္ဘာကြာချိန်
မဟာကပ် ပမာဏကား အလျားအနံ တယူဇနာရှိသော မုန်ညင်းဖြူစေ့ပုံမှ အနှစ် တရာပြည့်သောအခါ၌ တစေ့ယူ၍ ပစ်သော် မုန်ညင်းစေ့ပုံသည် ကုန်ရာ၏၊ မဟာကပ်ကား မကုန်ဆုံးနိုင်ရာ၊ ဤမျှ ပမာဏရှိ၏။ [၂]
အသင်္ချေယျကပ် ၄-ပါး
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads