အာကီဟီတို

From Wikipedia, the free encyclopedia

အာကီဟီတို
Remove ads

အာကီဟီတို (明仁?, ဂျပန်: [akiçito]; ဤအသံ အကြောင်းEnglish pronunciation ; born 23 December 1933)သည် ယခုလက်ရှိ ဂျပန်အင်ပါယာပြည့်ရှင်ဖြစ်သည်။ သူ့၏ဖခမည်းတော် နတ်ရွာစံသည့် (1989-2019) ၁၈၉၈ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ ကို ဆက်ခံခဲ့သည်။ ဂျပန်ထီးနန်းဆက်ခံမှု စည်မျဉ်းအရ သူသည် ကမ္ဘာပေါ်ရှိ အရှည်ကြာဆုံးသော မင်းဆက်၏ ၁၂၅ ယောက်မြောက်သော မင်းဖြစ်လာခဲ့သည်။

အချက်တိုများ အာကီဟီတို, ဂျပန်ဧကရာဇ် ...

ဂျပန်အစိုးရ၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ကြေညာချက်အရ အာကီဟီတို ဘုရင်မင်းမြတ်သည် ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ထီးနန်းကို စွန့်လွတ်မည်ဖြစ်သည်။[]

Remove ads

ဘဝ

အကီဟီတိုကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ တိုကျို ဧကရာဇ် နန်းတော်အတွင်းမှာ ဖွားမြင်ခဲ့ခြင်း ဖြစ်ပြီး ဧကရာဇ် ရှိုဝါ(ဟီရိုဟီတို)နှင့် ဧကရီ ကိုဂျန်း (နာဂါကို)တို့၏ အကြီးဆုံးသားတော်လည်း ဖြစ်သည်။ မင်းသားဘွဲ့တော်မှာ ဇုဂူး(ဇုဂူး-နို-မီယာ)ဖြစ်ပြီး သီးသန်းဆရာဖြင့် သင်ကြားခဲ့ပြီး ပီယာကျောင်း(ဂါကူရှုအင်း)တွင် ၁၉၄၀ မှ ၁၉၅၂ ခုနှစ်အထိ တက်ရောက်ခဲ့သည်။[] အင်ပါယာမိသားစု၏ အခြားသော ဆက်ခံသူများနှင့် မတူပဲ သူသည် တပ်မတော်အရာရှိအဖြစ် ပြန်တမ်းဝင်ခန့်အပ်ခြင်းကို ဖခင်ဖြစ်သူ ဟီရိုဟီတို၏ တောင်းဆိုမှုကြောင့် လက်မခံခဲ့ပေ။

၁၉၄၅ ခုနှစ် မတ်လအတွင်း အမေရိကန်တို့ တိုကျိုမြို့အား ဗုံးကြဲစဉ် အကီဟီတိုသည် သူ၏ညီငယ်ဖြစ်သူ မင်းသား မာဆာဟီတိုနှင့် မြို့တော်မှ ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့သည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်တို့ ဂျပန်အား သိမ်းပိုက်ထားစဉ်ကာလအတွင်း မင်းသား အကီဟီုတိုသည် အင်္ဂလိပ်ဘာသာနှင့် အနောက်တိုင်းသားတို့၏ အပြုအမှုတို့ကို အဲလိဇဘတ် ဂရေး ဗီနင်းထံမှ သင်ကြားခဲ့သည်။ သူသည် တိုကျိုရှိ ဂါကူရှုအင်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဌာနတွင် သင်ကြားခဲ့သော်လည်း ဘွဲ့အား ယူခဲ့ခြင်းမရှိပေ။

အကီဟီတိုသည် မျိုးရိုးစဉ်မွေ ထီးနန်းဆက်ခံမှုအရ ဖွားမြင်တော်မူစဉ်ကတည်းကပင် ထီးမွေနန်းလျာအတွက် ဖြစ်ပြီးသားပင်ဖြစ်သည်။ တရားဝင် အိမ်ရှေ့မင်းသား ခန့်အပ်ခြင်းကို တိုကျို အင်ပါယာနန်းတော်တွင် ၁၉၅၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပြလုပ်ခဲ့သည်။ ၁၉၅၃ ခုနှစ် ဇွန်လတွင် ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မ ဘိတ်သိတ်ခံယူပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ ကိုယ်စားပြု တက်ရောက်ခဲ့သည်။[]

အိမ်ရှေ့မင်းသား အကီဟီတိုနှင့် အိမ်ရှေ့မင်းသမီး မီချီကိုတို့ဟာ နိုင်ငံပေါင်း ၃၇ နိုင်ငံကို တရားဝင် လည်ပတ်ခဲ့ ကြသည်။ သူသည် တော်ဝင်မိသားစုကို ဂျပန်ပြည်သူများနှင့် ပိုမိုနီးကပ်စေလိသော ဆန္ဒရှိခဲ့သည်။[]

၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ဧကရာဇ် ဟီရိုချီတို နတ်ရွာစံပြီးနောက်ပြီး အကီဟီတိုသည် ထီးနန်းကို သိမ်းပိုက်ခဲ့ကာ® ဘိသိတ်ခံယူပွဲကို ၁၉၉၀ ခုနှစ် နိုဝင်ဘာလာ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည်။® ၁၉၉၈ ခုနှစ် ယူနိုက်တက်ကင်းဒမ်းအား သွားရောက်လည်ပတ်စဉ် UK Order of the Garter အား ချီးမြှင့်ခြင်း ခံခဲ့ရသည်။

၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ မွေးနေ့ပွဲတော်ကျင်းပစဉ် မီဒီယာများနှင့် တွေ့ဆုံရာ၌ သတင်းထောက်တစ်ယောက်မှ ကိုရီးယားအရေး တင်းမာမှုအား မေးမြန်းရာ ဘုရင်းမင်းမြတ်မှ ဆိုခု နီဟွန်ဂျီ၌ ဧကရာဇ် ခမ်မူ(၇၃၆–၈၀၆)၏ မိခင်သည် ဘက်ဂျီဘုရင် မူယောင်းနှင့် သွေးသားတော်စပ်သဖြင့် သူအနေဖြင့် ကိုရီယားများနှင့် သွေးသားမကင်းသလို ခံစားရကြောင်း ပြောကြားခဲ့သည်။ [][]

ဧကရာဇင် အာကီဟီတိုသည် ဆီးကျိတ်ကင်ဆာကြောင့် ၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ခွဲစိတ်ကုသမှု ခံယူရသေးသည်။[]

၂၀၁၁ ခုနှစ် တိုဟိုကူငလျင်နှင့် ဆူနာမီတိုက်ခိုက်မှု ဖြစ်ရပ်တွင် လည်းကောင်း၊ ဖူကူရှီးမား နျူကလီးယား ဖြစ်ရပ်တွင် ရုပ်မြင်သံကြားမှတဆင့် သမိုင်းဝင် မိန့်ခွန်းပြောကြားခဲ့ကာ[] ပြည်သူများအား တဦးနှင့် တစ်ဦး ရိုင်းပင်းကူညီရင်း မျှော်လင့်ချက်များ စွန့်မပစ်လိုက်ကြဖို့ တိုက်တွန်းခဲ့သည်။[] ထို့ပြင် ဘုရင်မင်းမြတ်နှင့် မိဖုရားတို့သည် ပြည်သူများအား မျှော်လင့်ချက် ရှင်သန်စေရန် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် ဗုဒ္ဓဟူးနေ့တွင် ယာယီဒုက္ခသည်စခန်းသို့ သွားရောက်ကာ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ ထိုကဲ့သို့ သနားဂရုဏာပြသည့် အဖြစ်အပျက်သည် ဖြစ်တောင့်ဖြစ်ခဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပြီး ဧကရာဇ်မင်းမြတ်မှ တော်ဝင်မိသားစုအား ပြည်သူများနှင့် ပိုမိုနီးစပ်မှုရှိစေရန် ကြိုးပမ်းခြင်းပင် ဖြစ်သည်။[] ၂၀၁၁ ခုနှစ်နှောင်းပိုင်းတွင်လည်း မင်းကြီးသည် နျူမိုးနီးယားရောဂါကြောင့် ဆေးရုံတက်ခဲ့ရသေးသည်။[၁၀] ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင်လည်း ဧကရာဇ်မင်းမြတ်သည် နှလုံးနှင့်ပတ်သက်သော စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ကြေညာခဲ့ပြီး[၁၁] ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် နှလုံးနှင့်ပတ်သက်သော ခွဲစိတ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။[၁၂]


Remove ads

ထီးနန်းဆက်ခံခြင်း

၂၀၀၆ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် အင်ပါယာမင်းမြတ်သည် သူ့သားငယ်၏ တတိယမြောက် ကလေးဖြစ်သော ပထမဆုံးသော မြေယောက်ျားလေးဖြစ်သော မင်းသား ဟီဆာဟီတို ဖွားမြင်သည့် ပွဲအား ကျင်းပခဲ့သည်။ မင်းသား ဟီဆာဟီတိုသည် ဂျပန်အင်ပါယာ မိသားစုအတွင်း ၄၁ နှစ်ကြာမှ (ဖခင်ဖြစ်သူ မင်းသား အာကီရှီနိုပြီးလျှင်) ပထမဆုံး မွေးဖွားခဲ့သော သားယောက်ျားလေး ဖြစ်သည်။ ထို့ပြင် ဤသည်မှ အိမ်ရှေ့မင်းသား နာရူဟီတိုတွင် မင်းသမီး အိုက်ကို တစ်ပါးသားလျှင် ဖွားမြင်ရာ ဂျပန်ထီးနန်းဆက်ခံမှု ပြဿနာမှ ရှောင်လွှဲနိုင်မည် ဖြစ်သည်။ မင်းသား ဟီဆာဟီတို ဖွားမြင်လာမှုသည် မင်းသမီး အိုက်ကိုအား ဂျပန်ထီးနန်းဆက်ခံနိုင်စေရန် ဥပဒေအား ပြောင်းလဲရန် အဆိုပြုမှုအား ခေတ္တဆိုင်းငံ့ထားစေခဲ့သည်မှာ မင်းသမီး ကီကို တတိယမြောက် ကိုယ်ဝန်ဆောင်သည်ဟု ကြေညာခဲ့သော ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလကတည်းကပင် ဖြစ်သည်။[၁၃]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads