အာနာ ဖရန့်၏ အိမ်

From Wikipedia, the free encyclopedia

အာနာ ဖရန့်၏ အိမ်map
Remove ads

အာနာ ဖရန့်၏ အိမ် (ဒတ်ချ်: Anne Frank Huis; အင်္ဂလိပ်: The Anne Frank House) သည် ဂျူးသွေးပါသော စစ်အတွင်း နေ့စဉ်မှတ်တမ်းရေးသူ အာနာ ဖရန့်၏ အိမ်တစ်လုံးဖြစ်သည့်အပြင် သူမကို ရည်ရွယ်ဂုဏ်ပြုထားသော အတ္ထုပ္ပတ္တိ ပြတိုက်တစ်ခုလည်းဖြစ်သည်။ ဤအဆောက်အဦသည် နယ်သာလန်နိုင်ငံအမ်စတာဒမ်မြို့လယ်ရှိ ဝက်စတာ ဘုရားရှိခိုးကျောင်းတော်အနီး ပရင်ဆန်ဂရာ့ချ်တ် (Prinsengracht) ဟုခါ်သော တူးမြောင်းဘေးတွင် တည်ရှိ၏ ။

အချက်တိုများ The Anne Frank House, တည်ထောင်ခြင်း ...

ဒုတိယကမ္ဘာစစ်အတွင်း အာနာ ဖရန့်သည် နာဇီဂျာမန်များ၏ ဂျူးများအပေါ် နှိပ်ကွပ်ညှင်းဆဲမှုများ အန္တရာယ်မှ မိသားစုဝင်များ၊ အခြားသူလေးဦးနှင့်အတူပုန်းအောင်းခဲ့ရသည်။ ၁၇ ရာစု တူးမြောင်းအိမ်၏ နောက်ကျောဖက်ရှိ အခန်းများတွင်ဖြစ်သည်။ အဆောက်အအုံကို the Secret Annex (ဒတ်ချ်: Achterhuis) ဟုလည်း အများအာဖြင့် သိရှိကြပေသည်။ အာနာသည် အသက်မရှင်နိုင်ခဲ့သော်လည်း သူမရေးသားခဲ့သော စာများကို အမျိုးသမီးငယ်တစ်ဦး၏ နေ့စဉ်မှတ်တမ်း (The Diary of a Young Girl) အဖြစ် ၁၉၄၇ တွင် ထုတ်ဝေခဲ့ကာ ဆယ်နှစ်မျှကြာသော် အဆောက်အအုံကို ဖြိုဖျက်ချင်သော အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ ဤအဆောက်အအုံကို ကာကွယ်ရန် အာနာဖရန့် ဖောင်ဒေးရှင်း ကို တည်ထောင်ခဲ့ကြသည်။

၁၉၆၀ မေ ၃ တွင် ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့၏ ။ ပြတိုက်ထဲတွင် လျှို့ဝှက်ပုန်းခဲ့သော အခန်းကို ထိန်းသိမ်းထားရှိ ပြသထားပြီး အာနာ ဖရန့်၏ ဘဝအကြောင်းအရာများကိုလည်း ပြသထားသည့်အပြင် (ဂျူးများ)ကို နှိပ်စက်ညှင်းပမ်းခဲ့သည့် ပုံစံမျိုးစုံကိုလည်း ပြသထားသည့် အခန်းပါရှိလေသည်။ ၂၀၁၃ နှင့် ၂၀၁၄ တို့၌ ပြတိုက်ကို လာရောက်လေ့လာသူ ၁.၂ သန်းခန့်ရှိကာ နယ်သာလန်နိုင်ငံတွင် တတိယမြောက် လာရောက်မှုအများဆုံး ပြတိုက်လည်းဖြစ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads