အာပဏသုတ်

From Wikipedia, the free encyclopedia

Remove ads

[] အင်္ဂတိုင်း အာပဏနိဂုံး၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်က အရှင်သာရိပုတ္တရာအား ဗုဒ္ဓမြတ်စွာအပေါ်၌ အလွန်အကဲကြည်ညိုပြီးသော အရိယာသာဝကသည် ဘုရားရှင်၌ဖြစ်စေ, ဘုရားရှင်၏သာသနာတော်၌ဖြစ်စေ ယုံမှားမှု မဝေခွဲနိုင်မှု မဖြစ်တော့ရာ-ဟု မိန့်တော်မူပါသည်၊ ထိုအခါ အရှင်သာရိပုတ္တရာထေရ်က “ဘုရားရှင် မိန့်တော်မူသည့်အတိုင်း ယုံမှားသံသယမဖြစ်ခြင်းမှာ သဒ္ဓါတရားရှိသော အရိယာသာဝကအား ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ၊ သဒ္ဓိန္ဒြေတို့ဖြစ်သောကြောင့် မဖြစ်ခြင်းဖြစ်ပါသည်-ဟု လျှောက်ထားပါသည်။ ဘုရားရှင်က သာဓုခေါ်တော်မူပြီး အရှင်သာရိပုတ္တရာ၏လျှောက်ထားချက်အတိုင်း ပြန်လည်၍ ဣန္ဒြေ ငါးပါးဖြစ်ပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -သမ္ပယုတ္တသဒ္ဓါ၊ ပစ္စက္ခသဒ္ဓါနှစ်ပါးကို ဖွင့်ဆိုထားပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads