အာပေါကသိုဏ်း
From Wikipedia, the free encyclopedia
Remove ads
အာပေါ − ရေကသိုဏ်းကို ကြည့်ရှုပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် ရှေးအတိတ် နီးသောဘဝက ရေကသိုဏ်းကို ရခဲ့ဘူးသော အထုံဝသီပါရမီ အဓိကာရ ရှိခဲ့လျှင် မပြုမပြင်ဘဲ ပကတိသော မြစ်၊ သမုဒ္ဒရာ၊ အိုင်၊ ရေကန်၊ ရေတွင်းတို့ကို ကြည့်ရှုရုံမျှဖြင့် အလွယ်တကူနှင့်ပင် ရေနိမိတ် ရနိုင်၏။ အထုံဝသီပါရမီ အဓိကာရ မရှိခဲ့လျှင် တစ်တောင်လောက်၊ တောင်ဆုပ်လောက် အဝကျယ်သော အစောက်နက်သော အိုး၊ ခွက်၊ စည်ပိုင်းထဲ၌ ကြည်လင်စွာသော ရေကိုထည့်၍ မြေကသိုဏ်း၌ အကျယ်ဆိုခဲ့ပြီးသော ရှုနည်း ကြည့်နည်း ရှုပုံ ကြည့်ပုံအတိုင်း ရေကို စိတ်ထဲ၌ ဥဂ္ဂဟနိမိတ်ရအောင် ကြည့်ရှုရာ၏။

ဤရေကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား ပြင်ဘက် ပရိကမ္မနိမိတ်ရေနှင့် အထပ်တည်းတူ၏။ ပြင်ဘက်ရေကဲ့သို့ လှုပ်ရှားလျှင် လှုပ်ရှားသောအတိုင်း၊ အပွက်ပါလျှင် အပွက်ပါသောအတိုင်း ပါလျက်ထင်၏။ ပဋိဘာဂနိမိတ်ထက် အဆအရာမက သာလွန်၍ ကြည်လင်စွာထင်၏။ မှန်ညိုသားကဲ့သို့ တသားတည်း အလွန်ကြည်လင်စွာ ထင်၏။ ဈာန်ပုံပေါ်မှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏။ ဤရေကသိုဏ်းလည်း ဈာန် (၅) ပါးလုံးကို ဖြစ်စေနိုင်၏။
ပထဝီမြေကသိုဏ်း ပွားများနည်းအတိုင်းအကျယ်ပွားများအားထုတ်ပါ။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads