အာဝသထဝိဟာရသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အမှု—ကျောင်းကို မစွန့်လွှတ်(မအပ်နှံ့)ဘဲ ဒေသစာရီ လှည့်လည်မှု။
အမှုသည်—ထုလ္လနန္ဒာ။ [၁]
ထုလ္လနန္ဒာသည် ဒေသစာရီ လှည့်လည်သွားခါနီး၌ သူ့ ကျောင်းကို ကြည့်ရှု့စောင့်ရှောက်ရစ်ဖို့ရန် တစ်ယောက်ယောက်ထံမျှ မအပ်နှံဘဲ ဒေသစာရီလှည့်လည်လေ၏၊
ထိုအခိုက်မှာပင်သူ၏ကျောင်းကို မီးလောင်လေရာ, တချို့က “ကျောင်းထဲမှ ပစ္စည်းဘဏ္ဍာများကို ထုတ်ယူကြစို့” ဟု ပြော၏၊ တချို့ကလည်းမတော်တဆ တစ်စုံတစ်ခု ပျောက်လျှင်ငါတို့ကို တရားစွဲလိမ့်မည်၊ ငါတို့တော့ မထုတ်ဝံ့ပါ” (သူ၏နှုတ်ကြမ်း အာကြမ်းနှင့် ရမ်းတတ်ပုံကို ကြောက်၍) ပြော၏၊ ထို့ကြောင့် ကျောင်းရှိပစ္စည်း ဘဏ္ဍာတွေပါ မီးလောင်ခံလိုက်ရလေသည်။
ဒေသစာရီ လှည့်လည်ရာမှ ထုလ္လနန္ဒာပြန်လာသောအခါ “ပစ္စည်းဘဏ္ဍာများကို ထုတ်မယူကောင်းလား”ဟု အပြစ်တင်လေသော် “သူ့ကိုယ်တိုင်က သူ၏ကျောင်းကို တစ်ယောက်ယောက်ထံ မအပ်နှံဘဲ သွားရသလား” ဟု သူ့ကိုပြန်၍ ကဲ့ရဲ့ကြလေရာ “အရင်းစစ်လျှင် အမြစ်မြေက”ဆိုသလို သူ၏ အပြစ်က အရင်းကျသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။
Remove ads
ယာ ပန ဘိက္ခုနီ အာဝသထံ အနိဿဇ္ဇိတွာ စာရိကံ ပက္ကမေယျ, ပါစိတ္တိယံ။
ကျောင်းကို(ဘိက္ခုနီ, သိက္ခမာန်, သာမဏေမ ၃-မျိုးတွင်) တစ်စုံတစ်ယောက်ထံ မစွန့်လွှတ် မအပ်နှံဘဲ ဒေသစာရီလှည့်လည်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
