အိုင်ဖုန်း ၆အက်စ်
From Wikipedia, the free encyclopedia
Remove ads
အိုင်ဖုန်း ၆အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလပ်စ် တို့သည် အက်ပဲ ကုမ္ပဏီမှ ထုတ်လုပ်သော စမတ်ဖုန်းများ ဖြစ်ကြသည်။ အဆိုပါ အိုင်ဖုန်းမော်ဒယ်အသစ် (၂) မျိုးကို အက်ပဲ၏ အမှုဆောင် အရာရှိချုပ် တင်ကွက်က ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ ဆန်ဖရန်စစ်စကိုမြို့တွင် မိတ်ဆက်ပြသခဲ့သည်။ အိုင်ဖုန်း ၆ အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလပ်စ် တို့သည် ယခင် ၂၀၁၄ ခုနှစ်က ထွက်ရှိပြီးသော အိုင်ဖုန်း ၆ နှင့် အိုင်ဖုန်း ၆ပလပ်စ် တို့၏ အသစ်ထွက် မော်ဒယ်ဖြစ်သည်။ [၉]
အိုင်ဖုန်း ၆အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလပ်စ် တို့သည် ၎င်းတို့၏ ယခင်မော်ဒယ်တွေထက် အမာထည်ပစ္စည်းများ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားရှိသည်။ ဖိအား အာရုံခံနိုင်စွမ်း ဖန်သားပြင်၊ 3D ထိတွေ့မှု၊ အနောက်ဘက် နှင့် အရှေ့ဘက် ကင်မရာ အဆင်မြှင့်တင်မှု၊ ပရောဆက်ဆာ ပိုမိုမြန်ဆန်လာမှု တို့ဖြင့် အဆင်မြှင့်တင်ခဲ့သည်။ ယခင်ရှိပြီးသား အနက်ရောင်၊ ငွေရောင်၊ ရွှေရောင်တို့အပြင် နှင်းဆီရွှေရောင်ကိုပါ အသစ် ထပ်မံထုတ်လုပ်ခဲ့သည်။ အိုင်ဖုန်း ၆အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလပ်စ်တို့ကို အသစ်ထုတ်လုပ်လိုက်သော လည်ပတ်မှုစနစ် အိုင်အိုအက် ၉.၀ ဖြင့် စတင်ရောင်းချခဲ့သည်။
ပထမဆုံး ရောင်းချခဲ့ရသည့် ပိတ်ရက်အတွင်းမှာကို အိုင်ဖုန်း ၆အက်စ် နှင့် ၆အက်စ်ပလပ်စ် စုစုပေါင်း (၁၃) သန်း ရောင်းချခဲ့ရသည်။ ပြီးခဲ့သော နှစ်က အိုင်ဖုန်း ၆ နှင့် အိုင်ဖုန်း ၆ ပလပ်စ် မှာ (၁၀) သန်းသာ ရောင်းချခဲ့ရသည်။[၁၀]
Remove ads
သမိုင်း
တရားဝင် မိတ်ဆက်ပွဲမတိုင်ခင် အိုင်ဖုန်း ၆ အက်စ် ၏ ဓာတ်ပုံများမှာ အင်တနက်တွင် ပေါက်ကြားခဲ့သည်။ တရားဝင် မဟုတ်သော်လည်း ပေါက်ကြားလာသော အချက်အလက်များမှာ အမှန်တကယ်ဖြစ်သည်ဟု အသိအမှတ် ပြုခဲ့ကြသည်။
အိုင်ဖုန်း ၆ အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလပ်စ် တို့ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် တရားဝင် မိတ်ဆက်ခဲ့သည်။ အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားကို "Hey Siri, give us a hint" "ဟေး ဆီရီ၊ ငါတို့ကို အရိပ်အမြွတ်ပေးပါ" ဆိုပြီး နာမည်ပေးခဲ့သည်။ ပွဲကို ဆန်ဖရန်စစ်စကိုမြို့ ဘေဂရေဟမ် အမျိုးသား ပြဇာတ်ရုံတွင် ပြုလုပ်ခဲ့သည်။[၁၁] ကြိုတင်မှာယူမှုကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့ စတင်ခဲ့ပြီး စတိုးဆိုင်များမှာ ရောင်းချမှုကိုတော့ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် စတင်ခဲ့သည်။
ဈေးနှုန်းအနေနဲ့ ၂ နှစ်စာချုပ် ဖြင့် ၁၉၉ ဒေါ်လာ နှင့် ၂၉၉ ဒေါ်လာ မှ စ၍ စာချုပ်မပါလျှင် ၆၄၉ ဒေါ်လာ နှင့် ၇၄၉ ဒေါ်လာ ဖြင့် စသည်။ [၁၂] ပထမဦးဆုံး ရောင်းချသည့် စနေ၊ တနင်္ဂနွေမှာပင် အလုံးရေ ၁၃ သန်း ရောင်းချခဲ့ရသည်။
Remove ads
အချက်အလက်
အိုင်ဖုန်း ၆ အက်စ်၏ ပုံစံ ဒီဇိုင်းမှာ အိုင်ဖုန်း ၆ နီးပါး ဆင်တူသည်။ သို့သော် ကိုယ်ထည် အလူမီနီယံကိုတော့ ပိုမိုမာကျောအောင် ပြုလုပ်ထားသည်။ ထို့ပြင် အရောင်အသစ်ဖြစ်တဲ့ နှင်းဆီရွှေရောင် ကိုပါ အသစ်ထုတ်လုပ်ခဲ့သည်။ အိုင်ဖုန်း ၆အက်စ်ကို အက်ပဲမှ ထုတ်လုပ်သော A9 Chip-set ကို အသုံးပြုထားပြီး ယခင် A8 ထက် အလုပ်လုပ်နိုင်စွမ်း ၇၀ ရာခိုင်နှုန်း နှင့် ရုပ်ထွက်မှာ ၉၀ ရာခိုင်နှုန်း ပိုမို ကောင်းမွန်သည်။ [၁၃] RAM မှတ်ဉာဏ်ကိုလည်း 2GB ထိ မြှင့်တင်ပေးခဲ့သည်။ ထွက်ရှိပြီးသမျှ အိုင်ဖုန်းများ အားလုံးတွင် RAM အများဆုံးဖြစ်သည်။ ဘတ္ထရီ သိုလှောင်နိုင်စွမ်းအားသည် အနည်းငယ် လျော့ကျသွားသည်။ သို့သော် အိုင်ဖုန်း ၆အက်စ် နှင့် အိုင်ဖုန်း ၆အက်စ်ပလပ်စ် တို့မှာ ၎င်းတို့၏ အရင် အိုင်ဖုန်း ၆ နှင့် အိုင်ဖုန်း ၆ပလပ်စ် တို့၏ ဘတ္ထရီ အသုံးပြုနိုင်စွမ်း အတူတူပင်ဖြစ်သည်ဟု အက်ပဲမှ ကြေညာထားသည်။ [၁၄] တရားဝင် ကြေညာခြင်း မရှိပေမယ့် အိုင်ဖုန်းကို ရေစို ခံနိုင်စွမ်းရှိအောင် တည်ဆောက်ထားရှိသည်။ [၁၅]
Remove ads
အိုင်ဖုန်းထွက်ရှိမှု အချိန်မှတ်တမ်း
အိုင်ဖုန်းမော်ဒယ်များ၏ အချိန်မျဉ်း |
---|
![]() |
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads