အောဒစ်ဆီးယပ်စ်
From Wikipedia, the free encyclopedia
Remove ads
အောဒစ်ဆီးယပ်စ် (အင်္ဂလိပ်: Odysseus; ဂရိ: Ὀδυσσεύς, Ὀδυσεύς, Ὀdysseús) ကို လက်တင် (ရောမ) ဘာသာဖြင့် ယူးလစ်ဆီးဇ် (Ulysses) အဖြစ်သိရှိကြ၍ အစ်သကာနယ်မြေ၏ ဒဏ္ဍာရီလာ ဘုရင်တစ်ပါးဖြစ်ပြီး ဟိုးမား၏ အောဒဆီ ကဗျာရှည်တွင် သူရဲကောင်းဖြစ်လေသည်။ အောဒစ်ဆီးယပ်စ်သည် ဟိုးမား၏ အိလိယဒ်ကဗျာတွင်လည်း အဓိကဇာတ်ကောင်တစ်ခုအနေဖြင့် ပါဝင်ခဲ့ကာ ထိုဖြစ်ရပ်တွဲရှည် ဇာတ်လမ်းကြီး၏ အခြားသော လက်ရာများတွင်လည်း အဓိကနေရာမှ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။
လေယားတီးဇ် နှင့် အန်တစ်ခ်လီယာတို့၏ သားဖြစ်၍ ပါနဲ့လာပီး၏ ခင်ပွန်း၊ တစ်လဲမာကာ့စ်နှင့် တာလဲ့ဂန်နာ့စ်တို့၏ ဖခင်ဖြစ်သည်။[၁] အောဒစ်ဆီးယပ်စ်သည် ၎င်း၏ ဉာဏ်ရည်၊ ပရိယာယ်၊ စွယ်စုံထူးချွန်ခြင်းများကြောင့် ထင်ရှားကျော်ကြား၍ ထို့ကြောင့်ပင် ဂရိစကားဖြင့် (Greek: μῆτις or mētis, "မာယာများသည့် ဉာဏ်"[၂]) ဟူသော ဂုဏ်ပုဒ်ဖြင့် ကျော်ကြားပေသည်။ အကျော်ကြားဆုံးမှာ ဆယ်စုနှစ်တစ်ခုကြသည့် ထရိုဂျန်စစ်ပွဲပြီးနောက် ၎င်း၏ အိမ်အပြန်ခရီးစဉ်သည် စိတ်ဝင်စားဖွယ်ဖြစ်ရပ် အသွယ်သွယ်ဖြင့် ပြည့်ဝှမ်းခဲ့၍ နောက်ထပ် ဆယ်စုနှစ်တစ်ခု ကြာခဲ့လေသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads