အဿာဒသုတ်

From Wikipedia, the free encyclopedia

Remove ads

(၉)သုတ် ရှိပါသည်။

[] ခန္ဓာငါးပါးတို့တွင် တစ်ပါးစီ တစ်ပါးစီ၏ အဿာဒ၊ အာဒီနဝ၊ နိဿရဏတို့ကိုလည်းကောင်း၊ ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အဿာဒ၊ အာဒီနဝ၊ နိဿရဏတို့ကိုလည်းကောင်း အမှန်အတိုင်း သိတော်မမူသေးသရွေ့ ဘုရားဟု လောက၌ ဝန်ခံတော်မမူခဲ့ပုံ၊ အမှန်အတိုင်း သိတော်မူသည့်အခါမှ လောက၌ ဘုရားဟု ဝန်ခံတော်မူခဲ့ပုံကို အကျယ် ဟောတော်မူသည့်သုတ်။


[]

ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်ပါးစီ တစ်ပါးစီ၏ အဿာဒ၊ အာဒီနဝ၊ နိဿရဏတို့ကို ရှာမှီးခြင်းငှာ ကျင့်ခဲ့ပြီ၊ ထိုခန္ဓာ တစ်ပါးစီ တစ်ပါးစီ၏ အဿာဒ၊ အာဒီနဝ၊ နိဿရဏတို့ကို ပညာဖြင့် သိမြင်တော်မူခဲ့ပြီ၊ ဥပါဒါနက္ခန္တငါးပါးတို့၏ အဿာဒ၊ အာဒီနဝ၊ နိဿရဏတို့ကို အမှန်အတိုင်း သိမြင်တော်မမူသေးသရွေ့ လောက၌ ဘုရားဟု-ဝန်ခံတော်မမူခဲ့ပုံ အစရှိသည်တို့ကို အထက်သုတ်တော်ဒေသနာ အတိုင်း ဟောတော်မူသည့်သုတ်။


[] ဥပါဒါနက္ခန္ဓာ တစ်ပါးစီ တစ်ပါးစီ၌ သာယာဖွယ်မရှိလျှင် သတ္တဝါများ မတပ် မက်ကြကုန်ရာ၊ သာယာဖွယ်ရှိသောကြောင့်သာ တပ်မက်မောကြကုန်၏၊ အပြစ်မရှိခဲ့သော် သတ္တဝါတို့သည် မငြီးငွေ့ စိတ်မပျက်ကြကုန်ရာ၊ အပြစ်ရှိသောကြောင့်သာ ငြီးငွေ့ စိတ်ပျက်ကြကုန်၏၊ ထွက်မြောက်ရာ မရှိလျှင် မထွက်မြောက်ကြကုန်ရာ၊ ထွက်မြောက်ရာ ရှိသောကြောင့်သာ ထွက်မြောက်ကြကုန်၏။ ဥပါဒါနက္ခန္ဓာငါးပါး၏ အဿာဒကို အဿာဒအားဖြင့်။ အာဒီနဝကို အာဒီနဝအားဖြင့်။ နိဿရဏကို နိဿရဏအားဖြင့် အမှန်အတိုင်း မသိသေးသရွေ့ နတ်၊ မာရ်နတ်၊ ဗြဟ္မာနှင့် တကွဖြစ်သော ဩကာသလောက၊ သမဏ, ဗြဟ္မဏမင်းများနှင့် တကွဖြစ်သော သတ္တလောကမှ မထွက်မြောက်နိုင်သေး၊ မကင်းနိုင်သေး၊ မလွတ်မြောက် နိုင်သေး၊ အပိုင်းအခြားမရှိသောစိတ်ဖြင့် မနေနိုင်သေး၊ ယင်းတို့ကို အမှန်အတိုင်း သိမှသာ ထွက်မြောက်နိုင်၊ မယှဉ်စပ်နိုင်၊ ကျောက်မြောက်နိုင်၊ အပိုင်းအခြားမရှိသော စိတ်ဖြင့်နေနိုင်၏ဟု ဟောတော်မူသည့်သုတ်။


[] အဿုတဝန္တပုထုဇဉ်ပုဂ္ဂိုလ်သည် ခန္ဓာတစ်ပါးစီ တစ်ပါးစီ၏ အဿာဒ၊ အာဒီနဝ၊ နိဿရဏတို့ကို အမှန်အတိုင်း မသိနိုင်၊ သုတဝန္တအရိယာသာဝကသည်ကား ယင်းတို့ကို အမှန်အတိုင်း သိနိုင်၏-ဟု ခန္ဓာတစ်ပါးစီ တစ်ပါးစီကို ခွဲခြား၍ ဟောတော်မူသည့်သုတ်။


[] ကာသိနိုင်ငံ ဗာရာဏသီမြို့တော်အနီး ဣသိပတန မိဂဒါဝုန်တော၌ သီတင်းသုံးနေကြစဉ် အရှင်မဟာကောဋ္ဌိကထေရ်၏ မေးလျှောက်ချက်အရ အဿုတဝန္တ ပုထုဇဉ်သည် ခန္ဓာတစ်ပါးစီ တစ်ပါးစီ၏ အဿာဒ၊ အာဒီနဝ၊ နိဿရဏတို့ကို အမှန်အတိုင်း မသိ၊ ထိုမသိခြင်းကို အဝိဇ္ဇာဟု ခေါ်ဆိုသည်၊ ဤမျှဖြင့် အဝိဇ္ဇာသို့ ရောက်သူဖြစ်သည်ဟု အရှင်သာရိပုတ္တရာထေရ် ဖြေဆိုတော်မူသည့်သုတ်။


[] အထက်သုတ်တော်နည်းအတိုင်း အရှင်မဟာကောဋ္ဌိကမထေရ်အား သုတဝန္တ အရိယာသာဝကသည် ခန္ဓာတစ်ပါးစီ တစ်ပါးစီ၏ အဿာဒ၊ အာဒီနဝ၊ နိဿရဏတို့ကို အမှန်အတိုင်း သိ၏၊ ဤသိခြင်းကို ဝိဇ္ဇာ-ဟု ဆိုအပ်၏၊ ဤမျှဖြင့် ဝိဇ္ဇာသို့ ရောက်သူဖြစ်၏ဟု အရှင်သာရိပုတ္တရာထေရ် ဖြေဆိုတော်မူသည့်သုတ်။


[] လောက၏ အဿာဒ၊ အာဒီနဝ၊ နိဿရဏတို့ကို ရှာမှီးခြင်းငှာ ကျင့်တော် မူခဲ့ပြီ၊ ယင်းတို့ကို သိတော်မူခဲ့ပြီ၊ ရှိသမျှကို ပညာဖြင့် ပြည့်ပြည့်စုံစုံ သိတော်မူခဲ့ပြီ၊ လောက၏ အဿာဒကို အဿာဒအားဖြင့်။ အာဒီနဝကို အာဒီနဝအားဖြင့်။ နိဿရဏကို နိဿရဏအားဖြင့် အမှန်အတိုင်း သိတော်မမူသေးသရွေ့ လောက၌ ဘုရားဟု ဝန်ခံတော် မမူခဲ့၊ သိတော်မူသည့်အခါမှသာ လောက၌ ဘုရားဟု ဝန်ခံတော်မူပြီ အစရှိသည်ဖြင့် ဟောတော်မူသည့်သုတ်။


[] လောက၌ အကယ်၍ သာယာဖွယ်မရှိခဲ့လျှင် ဤသတ္တဝါတို့သည် မတပ်မက်ကြကုန်ရာ၊ သာယာဖွယ်ရှိသောကြောင့်သာ တပ်မက်မောကြကုန်၏၊ အကယ်၍ အာဒီနဝမရှိလျှင် သတ္တဝါတို့သည် လောက၌ မငြီးငွေ့ကြကုန်ရာ၊ အာဒီနဝရှိသောကြောင့်သာ ငြီးငွေ့ကြကုန်၏၊ နိဿရဏမရှိလျှင် ဤလောကမှ မထွက်မြောက်ကြကုန်ရာ၊ နိဿရဏရှိသောကြောင့်သာ ထွက်မြောက်ကြကုန်၏၊ ရဟန်းတို့ သတ္တဝါတို့သည် အဿာဒကို အဿာဒအားဖြင့်။ အာဒီနဝကို အာဒီနဝအားဖြင့်။ နိဿရဏကို နိဿရဏအားဖြင့် အမှန်အတိုင်း မသိကြသေးသရွေ့ သတ္တဝါတို့သည် ဤဩကာသလောက, သတ္တလောကမှ မထွက်မြောက်နိုင်ကြ၊ မကင်းနိုင်ကြ၊ မလွတ်မြောက်နိုင်ကြ၊ အပိုင်းအခြားကင်းသောစိတ်ဖြင့် မနေနိုင်ကြကုန်၊ ယင်းတို့ကို အမှန်အတိုင်း သိကြရာအခါ၌ ဤလောကမှ ထွက်မြောက်နိုင်ကြကုန်ပြီ အစရှိသည်ဖြင့် ဟောတော်မူသည့်သုတ်။


[] အဿာဒ (သဿတ)ဒိဋ္ဌိကို ပယ်နိုင်ရန် အနတ္တသညာကိုပွားများကြရမည်။ အတ္တာနု (သက္ကာယ)ဒိဋ္ဌိကို ပယ်နိုင်ရန် အနတ္တသညာကိုပွားများကြရမည်၊ မိစ္ဆာဒိဋ္ဌိ (၆၂)ပါးကို ပယ်နိုင်ရန် သမ္မာဒိဋ္ဌိကိုပွားများရမည်ဟု ဟောတော်မူသည့်သုတ်။ [၁၀]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads