ဥစ္ဆေဒဒိဋ္ဌိ
From Wikipedia, the free encyclopedia
Remove ads
[၁] ဥစ္ဆေဒအယူ၊ ပြတ်စဲ၏-အဆက် ပြတ်၏-ဟူသောအယူ၊ အတ္တကောင် သတ္တဝါ ကောင်သည်လည်းကောင်း, လောကသည်၎င်း သေပြီးနောက်ထပ်၍ မဖြစ်, အဆက်ပြတ်၏ဟူသော အယူမှား။
ထိုအယူရှိသောသူသည် ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကို အတ္တဟု၎င်း လောကဟု၎င်း ယူဆ၏၊
သို့မဟုတ် ခန္ဓာငါးပါးရှိရာတွင် တစ်ပါးကို အတ္တဟုယူဆပြီးလျှင် ကျန်ခန္ဓာလေးပါးကို အတ္တ၏ အသုံးအဆောင်ဖြစ်သော လောကဟု ယူဆ၏၊
ဖြစ်ပေါ်လာခဲ့သော သို့မဟုတ် မိမိ၏ အတ္တကိုသာ အတ္တဟုယူဆပြီး အခြားသူ၏ အတ္တကိုမူ လောကဟု ယူဆ၏၊
ထိုအတ္တကောင် သတ္တဝါကောင်နှင့် လောကသည် ပြတ်စဲ၏၊ ထိုပြတ်စဲသွားသော သတ္တဝါသည် တခြားဖြစ်၍ သတ္တဝါသည် တခြား အသစ်တစ်မျိုး ဖြစ်၏၊ ထိုနှစ်မျိုးသည် မည်သို့မျှ အဆက်အစပ်မရှိဟု ယူဆ၏။ [၂]
စုတိမျှကိုသာမြင်၍ ဥပပါတ (ပဋိသန္ဓေ)ကို မမြင်သောသူသည် ဥစ္ဆေဒအယူကို ယူတတ်သည်။ [၃][၄]
Remove ads
ဥစ္ဆေဒဒိဋ္ဌိ-သည်လည်း--
- (၁) မီး တောက်မီးလျှံရှိသော ဆီမီးကို “မီးတောက် မီးလျှံနှင့် အဆင်းအရောင်သည် အတူပင် ဖြစ်သည်” ဟု ရှုသကဲ့သို့ ရူပက္ခန္ဓာနှင့် ဟု ကသိုဏ်းရုပ်ကို “အတ္တ”ဟု ယူ၍ “ရူပက္ခန္ဓာ နှင့်ကသိုဏ်းရုပ်သည် ငါပင်ဖြစ်သည်၊ ငါနှင့် အတူပင်တည်း”ဟု ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
- (၂) မီးတောက်မီးလျှံနှင့် အဆင်း အရောင်ကို အတူပြု၍ ရှူသကဲ့သို့ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနောသမ္ဖဿ-ကြောင့်ဖြစ်သော ဝေဒနာကို “အတ္တ” ယူ၍ “ယင်း-ဝေဒနာနှင့် ငါ အတူပင်ဖြစ်သည်”ဟု ရှုသောအားဖြင့်ယူသော
- (၃) ယင်း-သမ္မဿ ၆-ပါးကြောင့် ဖြစ်သော သညာကို “အတ္တ”ဟု ယူ၍ “ယင်း-သညာ နှင့်ငါ အတူပင်ဖြစ်သည်”ဟု ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
- (၄) ယင်း-သမ္ဖဿ ၆-ပါး ကြောင့်ဖြစ်သော စေတနာကို “အတ္တ”ဟု ယူ၍ “ယင်း-စေတနာနှင့် ငါ အတူပင် ဖြစ်သည်”ဟု ရှုသောအားဖြင့်ယူသော ဒိဋ္ဌိ,
- (၅) စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ,မနောဝိညာဉ်ကို “အတ္တ”ဟု ယူ၍ “ယင်း ဝိညာဉ်နှင့်ငါ အတူပင်ဖြစ်သည်”ဟု ရှုသောအားဖြင့်ယူသော ဒိဋ္ဌိ-အားဖြင့် ၅-ပါးအပြား ရှိ၏[၅]။ [၆]
- သဿတဒိဋ္ဌိလည်း ကြည့်ပါ။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads