ဥတ္တရဗောဓိမုဒြာ

From Wikipedia, the free encyclopedia

ဥတ္တရဗောဓိမုဒြာ
Remove ads

အထွတ်အထိပ်သို့ ရောက်၍ ပွင့်တော်မူဟန်ဖြစ်သည်။

Thumb

လက်ဝဲလက်ညှိုးနှင့် လက်မတို့ကို ထိထား၍၎င်း, လက်ျာလက်ညှိုးနှင့် လက်မတို့ကိုလည်း ထိထား၍၎င်း, နှလုံးသား ရှိလောက်ရာ အရပ် ရင်ဘတ်ကို ထိလုနီးပါးမျှ ထောင်ပြထားသော လက်ဟန်အနေအထားမျိုးဖြစ်သည်။ ကျန်လက်ချောင်းများကိုမူ အပေါ်သို့ ထောင်ထားသည်။ ဓမ္မစကြာမုဒြာပုံနှင့် ဆင်တူယိုးမှားဖြစ်သည်။

အရိယသစ္စာနဒဿနမင်္ဂလာနှင့် နိဗ္ဗာနသစ္ဆိကိရိယမင်္ဂလာများကို သရုပ်ဆောင်ထားခြင်း ဖြစ်လေသည်။

ဝိမုတ္တိရသနှင့် သန္တရသတို့ကို ပေါ်လွင်ထင်ရှားစေသည်။

ပါရမီဆယ်ပါးတို့၏ ပြီးပြည့်စုံခြင်းကိုလည်း ညွှန်ပြထားခြင်းသဘောရှိပေသည်။ ဗောဓိပက္ခိယတရား (၃၇)ပါးတို့၏ ပြီးဆုံးခြင်း အထွတ်အထိပ်သို့ ရောက်တော်မူခြင်းတို့ကို ညွှန်ပြသရုပ်ဆောင် ထားခြင်း ဖြစ်သည်ဟု အချို့ပညာရှိကြီးများက မိန့်မှာခဲ့ကြသည်။

ပုံစံအားဖြင့် ဂေါတမဗုဒ္ဓ၏ ရုပ်ပွားတော်, နာမသင်္ဂီတိဘုရားလောင်း၏ ဆင်းတုနှင့် ဝေရောစနရုပ်ပါးများကို ဤဥတ္တရဗောဓိမုဒြာဖြင့် တွေ့ရသည်။

အချို့ ပဋိမာသိပ္ပံပညာရှင်များ၏ အလိုအရ ရပ်တော်မူပုံများတွင် လက်နှစ်ဖက် လက်ညှိုး လက်မများ ထောက်ပြထိမိကာ ရင်အုပ်နှလုံးသားရှိရာလောက်တွင် မြှင့်တင်ပြထားပါက ဥတ္တရ ဗောဓိမုဒြာဟုဆိုသည်။ ထိုင်တော်မူလျက်ပြလျှင် ဓမ္မစက္ကမုဒြာဟု ဆိုပါသည်။ ပုံစံအားဖြင့် နဂါးရုံဘုရားအတွင်း အရံဘုရား ရုပ်ပွားတော်နှစ်ဆူသည် ရပ်တော်မူလျက် ဥတ္တရဗောဓိမုဒြာဖြင့် ပြတော်မူကြပါသည်။

ပုဂံ အာနန္ဒာဘုရားတောင်မုခ်နှင့် မြောက်မုခ်ဝရှိ ရပ်တော်မူ နှစ်ဆူသည် ဥတ္တရဗောဓိမုဒြာဖြင့် ရှိကြပါသည်။

ဘုရားဆုပန်တောင်းသော မင်းကောင်း မင်းမြတ်တို့သည် သဗ္ဗညုတဗောဓိဉာဏ်ကို ရရှိရန်အတွက် ရည်စူး၍ ဥတ္တရဗောဓိမုဒြာပါသော ရုပ်ပွားဆင်းတုများကို ထုလုပ်စီရင်၍ ကိုးကွယ်တတ်ကြသည်။ ပိဋကတ်စာပေ ဗေဒင် မန္တရားတို့ကို သင်ယူကြရာ၌ အလွယ်တကူ တတ်မြောက်စေရန်အတွက် ဤ မုဒြာပါသော ဘုရားများကို ကိုးကွယ်တတ်ကြသည်။ တိုင်းပြည်အတွင်း ပညာရှင်များ ကျမ်းဂန် စာပေတတ်ကျွမ်းသူများ ထင်ရှားကျော်ကြား ပေါများစေရန်အတွက် ဤပုံမျိုးကို ကိုးကွယ်လေ့ ရှိကြသည်။

ဥတ္တရဗောဓိမုဒြာပါသောဘုရားကို ကိုးကွယ်သူသည် ဉာဏ်ပညာကောင်းခြင်း စာမေးပွဲ စာပြန်ပွဲတို့၌ အဖျက်အဆီး အဟန့်အတား မရှိအောင် မြင်ခြင်းအကျိုးကို ရရှိနိုင်ကြောင်း တန္တရာယာန ကျမ်းများ၌ ဖော်ပြပါရှိသည်။ [][] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads