ဥပ္ပါတသန္တိ စေတီတော်

From Wikipedia, the free encyclopedia

Remove ads

ဥပ္ပါတသန္တိ စေတီတော် (အင်္ဂလိပ်: Uppatasanti Pagoda, pronounced [ʔoʊʔpàta̰ θàɴdḭ zèdìdɔ̀])သည် နေပြည်တော်တွင် တည်ရှိသော ထင်ရှားသည့်တန်ခိုးကြီး စေတီတစ်ဆူဖြစ်သည်။ တရုတ်ပြည်မှ ဗုဒ္ဂစွယ်တော်ရုပ်ပွားတော်ကို ဌာပနာထားရှိသည်။[] ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၏ ပုံစံကို နမူနာယူကာ တည်ဆောက်ထားခြင်းဖြစ်သည်။ ဉာဏ်တော်အမြင့်မှာ ၉၉ မီတာ (၃၂၅ ပေ) ရှိသည်။[]

အချက်တိုများ ဥပ္ပါတသန္တိစေတီတော်, အချက်အလက်များ ...

ထီးတော်တင်လှူပူဇော်ပွဲကို ၂၀၀၉ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည်။​[]

Remove ads

သမိုင်းကြောင်း

စေတီတော်တည်ဆောက်ရေးလုပ်ငန်းများနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်မှုဖြင့် ၂၀၀၆ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင်စတင်ခဲ့ပြီး ၂၀၀၉ခုနှစ် မတ်လတွင် ပြီးစီးခဲ့သည်။​ စေတီတော်၏ ပန္နက်တင် မင်္ဂလာအခမ်းအနားကို ၂၀⁠၀၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည်။ အခမ်းအနားအတွက် ဖိတ်စာတွင် 'ရာဇဌာနီ နေပြည်တော် (ဘုရင်နန်းစံသည့် မင်းနေပြည်)' စာပိုဒ်ဖြင့် ဖွင့်ထားသည်။ [] စေတီ၏ဉာဏ်တော်သည် ရွှေတိဂုံဘုရားအောက် ၃၀ စင်တီမီတာနိမ့်သည်။[] ဥပ္ပါတသန္တိကို အကြမ်းဖျင်းဘာသာပြန်ဆိုရလျှင် 'ဘေးဒုက္ခ ကပ်ဆိုးကြီးမှ အကာအကွယ်ပေးခြင်း' ဖြစ်သည်။ ဤအမည်သည် ၁၆ ရာစုအစောပိုင်းလောက်တွင် ဘုန်းတော်ကြီးတစ်ပါးမှ ရေးသားရွတ်ဆိုခဲ့သည့် ပရိတ်ဂါထာ ဖြစ်သည်။ ဤ ပရိတ်ဂါထာကို ဘေးဒုက္ခ များကြုံသည့်အချိန်၊ အထူးသဖြင့် တိုင်းတစ်ပါးမှ ဝင်ရောက်တိုက်ခိုက်လာသည့်အခါ တွင် ရွတ်ဆိုကြသည်။[]

Remove ads

တည်ဆောက်ပုံ

စေတီတော်ကို လူလုပ်ကုန်းမြင့်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။

စေတီတော်တွင်

  • မဟာဆုတောင်းပြည့်ဘုရား
  • ကျောက်စိမ်းဘုရား ၃ ဆူ
  • ၁၀၈ပေ မြင့်သော တံခွန်တိုင်
  • မဟာဗောဓိညောင်ပင်နှင့် ဘုရား ၂၈ ဆူ
  • ညောင်ပင် ၁၀၈ ပင် နှင့် ဥယျာဉ်တော်
  • ​ ရှင်ဥပဂုတ္တ နှင့် ရေကန်တော်
  • သိမ်ကျောင်းဆောင် အစရှိသည်တို့ ထည့်သွင်းတည်ဆောက်ထားသည်။

၂၀၀၉ခုနှစ် မတ်လတွင် ဘုရားပွဲကျင်းပစဉ်အတွင်း ရဟတ်မတော်တဆဖြစ်ပွားမှုကြောင့် လူ (၂၀) ဦးသေဆုံးခဲ့သည်။[]

ဓာတ်ပုံများ

Remove ads

ကိုးကား

ဆက်စပ်ဖတ်ရှုရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads