ဧကပုတ္တကသုတ်

From Wikipedia, the free encyclopedia

Remove ads

(၂)သုတ် ရှိပါသည်။

[] ရဟန်းတို့ ... ယုံကြည်မှု “သဒ္ဓါရှိသော (သောတာပန်) ဥပါသိကာမသည် ချစ်ခင် စုံမက် နှစ်သက်မြတ်နိုးအပ်သော တစ်ဦးတည်းသောသားကို “ချစ်သား ... သင်ချစ်သားသည် “စိတ္တသူကြွယ်နှင့် ဟတ္ထကအာဠဝကတို့လို ဖြစ် (အောင် အားထုတ်) ပါလော့၊ ရဟန်းပြုလျှင် အရှင်သာရိပုတ္တရာ, အရှင်မောင်ဂွလ္လာန်တို့လို ဖြစ်(အောင် အားထုတ်)ပါလော့၊ ဘုရားရှင်၏တပည့် လူဥပါသကာတို့တွင် “စိတ္တသူကြွယ်နှင့် ဟတ္ထကအာဠဝကတို့သည်လည်းကောင်း၊ ရဟန်းတော်တို့တွင် “အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန်တို့သည်လည်းကောင်း ချိန်ခွင်သဖွယ် နှိုင်းယှဉ်တိုင်းတာစရာတို့ ဖြစ်ကုန်၏။

သင်ချစ်သားသည် အရဟတ္တဖိုလ်သို့ မရောက်သေးသော သေက္ခပုဂ္ဂိုလ်ဖြစ် ပါက လာဘ, သက္ကာရ, သိလောကသို့ မရောက်ပါစေလင့်၊ လာဘ, သက္ကာရ, သိလောကသည် သင့်အား အရဟတ္တဖိုလ်သို့ မရောက်အောင် အန္တရာယ်ပြုပေလိမ့်မည်”ဟုတောင်းပန် ပြောဆိုမှုသည် မှန်ကန်သော တောင်းပန် (တောင့်တလင့်ဆို အလိုရှိ)ခြင်း ပေတည်း။ ရဟန်းတို့ လာဘ, သက္ကာရ, သိလောကသည် သို့ကလောက် ကြမ်းကြုတ် လှပေ၏-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[] (ဓလေ့ထုံးစံ အရ စိုစွတ်သောအဝတ်, စိုစွတ်သောဆံပင်တို့ဖြင့် နေ့မွန်းတည့် ချိန်၌ ချဉ်းကပ်ရောက်ရှိလာကြကုန်သော ဥပါသကာတို့၏ “ချစ်ခင် စုံမက် နှစ်သက် မြတ်နိုးအပ်သော သားသေခြင်းကို လျှောက်ထားမှုကို အကြောင်းပြု၍ “ချစ်အပ်သော သဘောရှိသော ရူပက္ခန္ဓာအစရှိသည်တို့၌ သာယာမှုဖြင့် တပ်မက်ကြကုန်သော နတ်, လူအပေါင်းတို့သည် ဆင်းရဲကြကုန်၏။ နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း၊ မေ့လျော့ခြင်း အလျင်းမရှိပဲ ချစ် တတ်သောသဘောရှိသော ခန္ဓာငါးပါးတို့ကို ပယ်စွန့်နိုင်ကြကုန်သော အရိယာပုဂ္ဂိုလ်တို့သည် လွန်မြောက်နိုင်ခဲသည့် သေမင်းသုံးသပ်အပ်သော ဝဋ်ဆင်းရဲအမြစ်ကို တူးဖြိုနိုင်ကြကုန်၏”ဟု ဘုရားရှင် ဥဒါန်းကျူးတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ပိယ, မနာပ အဖွင့် မှတ်သားစရာနှစ်မျိုးကို ရှုနိုင်ပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads