ဧရာဝတီတံတား (ညောင်တုန်း)

From Wikipedia, the free encyclopedia

ဧရာဝတီတံတား (ညောင်တုန်း)
Remove ads

ဧရာဝတီတံတား (ညောင်တုန်း) သည် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်အတွင်း တည်ရှိသည့် ဧရာဝတီမြစ်ကူးတံတား ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ လက်ထက်တွင် ရှစ်စင်းမြောက် ဖွင့်လှစ်သည့် ပေ ၁၈ဝ နှင့်အထက် တံတား ဖြစ်သည်။ နှစ်လမ်းမောင်း ကားလမ်းနှင့် ရထားလမ်းယှဉ်တွဲပါရှိသည့် သံမဏိသံပေါင် တံတားကြီး ဖြစ်ပြီး ဗိုလ်မြတ်ထွန်းတံတား၏ အထက်ဘက် ပေ ၈ဝဝဝ အကွာတွင် တည်ဆောက် ထားခြင်း ဖြစ်သည်။ ဧရာဝတီတံတား(ညောင်တုန်း) တည်ဆောက်ရေးစီမံကိန်းကို ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး တစ်နှစ် ၁ဝ လ ၂၅ ရက်ဖြင့် အချိန်တိုအတွင်း တည်ဆောက်နိုင်ခဲ့သည့် တံတားကြီးဖြစ်သည်။[]

အချက်တိုများ ဧရာဝတီတံတား (ညောင်တုန်း), သယ်ဆောင်မှု ...
Remove ads

တံတားအချက်အလက်များ

ပင်မတံတားအုတ်မြစ်မှာ ဘိုးပိုင်သံကူကွန်ကရစ် အမျိုးအစား၊ တံတားတိုင်များမှာ သံကူကွန်ကရစ် အမျိုးအစားနှင့် တံတားအပေါ်ထည်မှာ သံမဏိသံပေါင် အမျိုးအစား ဖြစ်သည်။ ပင်မတံတားမှာ ၇၄ဝ၂ ပေ ရှည်သည်။ ချဉ်းကပ်တံတား(ကားလမ်း)အနေဖြင့် ပုသိမ်ဘက်ကမ်း ၁၈၃၇ ပေ၊ ရန်ကုန်ဘက်ကမ်း ၁၅၇၅ ပေ စုစုပေါင်း ၃၄၁၂ ပေ ရှည်သည်။ ချဉ်းကပ်တံတား (ရထားလမ်း)အနေဖြင့် ပုသိမ်ဘက်ကမ်း ၆၅၂၉ ပေ၊ ရန်ကုန်ဘက်ကမ်း ၆၆၁၄ ပေ စုစုပေါင်း ၁၃၁၄၃ ပေ ရှည်သည်။ တံတားတစ်စင်းလုံးအနေဖြင့် ပင်မတံတားနှင့် ချဉ်းကပ်ကားလမ်း တံတားအရှည် ၁ဝ၈၁၄ ပေ၊ ပင်မတံတားနှင့် ချဉ်းကပ်ရထားလမ်း တံတားအရှည် ၂ဝ၅၄၅ ပေ ရှည်သည်။ ကားလမ်း အကျယ် ၂၈ ပေနှင့် ရထားလမ်း အကျယ် ၁၄ ပေရှိပြီး လူသွားလမ်း တစ်ဖက်လျှင် သုံးပေစီ ပါရှိသည်။ ရေလမ်းကင်းလွတ်အကျယ် ၂၆၂ ပေ၊ ရေလမ်း ကင်းလွတ်အမြင့် ၅၇ ပေရှိသည်။ ယာဉ်တစ်စီးချင်းခွင့်ပြုအလေးချိန်မှာ ၇၅ တန် ဖြစ်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads