၁၉၄၆ စစ်ကိုင်းငလျင်များ

From Wikipedia, the free encyclopedia

Remove ads

၁၉၄၆ စစ်ကိုင်းငလျင်များ ("ဝန်းသိုငလျင်များ" ဟုလည်း သိကြ) သည် မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ၁၅ နာရီ ၁၇ မိနစ်တွင် ဖြစ်ပွားခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။[] ပထမဆုံး လှုပ်ခတ်ခဲ့သည့်ငလျင်သည် ၈.၀ ဖြစ်ပြီး နောက်ထပ်ငလျင်သည် အဓိကငလျင်ဖြစ်ကာ M7.8 ဖြစ်ခဲ့သည်။ ဤငလျင်နှစ်ခုစလုံးသည် ၁၇၆၂ ရခိုင်ငလျင်ဖြစ်ပြီးကတည်းက နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အကြီးမားဆုံး ငလျင်များ ဖြစ်ခဲ့သည်။[][]

အချက်တိုများ UTC အချိန်, ISC ဖြစ်ရပ် ...
Remove ads

ပထဝီသွင်ပြင်ဆိုင်ရာ

ငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်နှစ်ခုစလုံးသည် စစ်ကိုင်းပြတ်ရွေ့ကြောတွင် ဖြစ်ပွားခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာ့ကျောက်ချပ်လွှာနှင့် Sunda ကျောက်ချပ်လွှာတို့အကြား နယ်နိမိတ်ကို သတ်မှတ်ပေးထားသည်။ စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံတွင် လှုပ်ရှားမှုအရှိဆုံး ပြတ်ရွေ့ကြော ဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်မြို့ကြီးများကို လှုပ်ခတ်ကာ ထိခိုက်မှုများဖြစ်စေခဲ့သည့် ပြတ်ရွေ့ကြောတစ်ခု ဖြစ်သည်။[]

Remove ads

ငလျင်

ပမာဏ M 8.0 ရှိသည့် အဓိကငလျင်သည်စစ်ကိုင်းပြတ်ရွေ့ကြော၏ စစ်ကိုင်းအပိုင်းတစ်လျှောက် လှုပ်ခတ်သွားခဲ့သည်။ ငလျင်ဗဟိုချက်သည် လဲသတောင်၏ တောင်ဘက်တွင်ဖြစ်ခဲ့ပြီး အနက် ၁၅.၀ ကီလိုမီတာတွင် ဖြစ်သည်။[][] ဒုတိယအကြိမ်လှုပ်ခတ်သည့် ပမာဏ ၇.၈ ရှိသသည့် ငလျင်သည် ပထမငလျင်အပြီး သုံးမိနစ်အကြာတွင် လှုပ်ခတ်ခဲ့ကာ ပထမငလျင်၏ မြောက်ဘက် ၁၅၅ ကီလိုမီတာအကွာတွင် ဖြစ်သည်။ ၎င်း၏ ဟိုက်ပိုစင်တာ (Hypocenter) သည် အနက် ၁၅.၀ ကီလိုမီတာတွင် ဖြစ်သည်။[]

Thumb
A pressure ridge along the Sagaing Fault, obstructed by vegetation, outside Mandalay. This section of the fault likely ruptured in the 1946 event.
Remove ads

အခြားဖြစ်ရပ်များ

စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက်တွင် အခြားငလျင်ကြီးများလည်း ၁၉၄၆ ငလျင်များ၏ ငလျင်ဗဟိုချက်နှင့် နီးကပ်စွာ အကြိမ်များစွာ လှုပ်ခတ်ခဲ့သည်။

  • ၁၉၃၁ ခုနှစ် ဇန်နဝါရီလ ၂၇: ပမာဏ ၇.၆ ရှိသည့် ငလျင်တစ်ခုဖြစ်ကာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးတွင် လှုပ်ခတ်ခဲ့သည်။[]
  • ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်: ပမာဏ ၇.၁ ရှိသည့် ငလျင်တစ်ခု ဖြစ်ကာ မန္တလေးမြို့ အပြင်ဘက်တွင် လှုပ်ခတ်ခဲ့သည်။ လူ ၃၈ ဦး သေဆုံးခဲ့သသည်။[]
  • ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်: ပမာဏ ၇.၀ ရှိသည့် ငလျင်တစ်ခု ဖြစ်ကာ ဧရာဝတီမြစ်ဘေးတွင် လှုပ်ခတ်ခဲ့သည်။[]
  • ၁၉၉၂ ခုနှစ် ဇွန်လ ၁၅ ရက်: ပမာဏ ၆.၃ ရှိသည့် ငလျင်တစ်ခုဖြစ်ကာ ကသာမြို့အနီးတွင် ဖြစ်ပွားခဲ့သည်။[]
  • ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်: ပမာဏ ၆.၈ ရှိကာ မန္တလေးမြို့မြောက်ဘက် ၁၂၀ ကီလိုမီတာအကွာတွင် လှုပ်ခတ်ခဲ့သည်။[၁၀][၁၁] လူ ၂၆ ဦး သေဆုံးခဲ့ကာ ၁၂ ဦး ပျောက်ဆုံးခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads