၁၉၉၁ ဒီလီ ဆန္ဒပြပွဲများ
From Wikipedia, the free encyclopedia
Remove ads
၁၉၉၁ ဒီလီ ဆန္ဒပြပွဲများ သည် ယခု တီမောလက်စ်တေနိုင်ငံ၊ ဒီလီမြို့ရှိ Santa Cruz သင်္ချိုင်း၌ ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲ တစ်ခု ဖြစ်သည်။ဆန္ဒပြသူများကို အင်ဒိုနီးရှားစစ်တပ်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး၊ ဆန္ဒပြကြသည့် ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့ တွင် ဆန္ဒပြသူ ၂၅၀ ဦး အနည်းဆုံး သေဆုံးခဲ့ရသည်။ဖြစ်စဥ်သည် အင်ဒိုနီးရှားလက်အောက်တွင် တီမောလက်စ်တေနိုင်ငံ ရှိနေချိန် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ဤဖြစ်ရပ်ကို အရှေ့တီမော လွတ်လပ်ရေးလိုလားသူများ သတ်ဖြတ်ခံရမှု သို့တည်းမဟုတ် Santa Cruz အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဟူ၍ လည်း လူသိများကြသည်။
Remove ads
နောက်ခံအကြောင်းအရင်း
၁၉၉၁ ခုနှစ်၊ အောက်တိုဘာလထဲတွင် အာဏာပိုင်များ နှင့် မီဒီယာသမားများ ပါဝင်သည့် ပေါ်တူဂီလွှတ်တော်လေ့လာရေးအဖွဲ့ သည် အင်ဒိုနီးရှားနိုင်ငံ၏ အုပ်ချုပ်မှုအောက်ရှိ အရှေ့တီမောသို့ လာရောက်ရန် စီစဉ်ခဲ့ကြသည်။ အင်ဒိုနီးရှားအစိုးရသည် ထိုအဖွဲ့ထဲ သြစတြေးလျသတင်းထောက် Jill Jolliffe ပါဝင်မှုကို ဆန့်ကျင်ခဲ့ပြီး၊ယင်းကဲ့သို့ ဆန့်ကျင်ခံရမှုကြောင့် ပေါ်တူဂီအစိုးရသည် အဖွဲ့၏ ခရီးစဥ်ကို ဖျက်သိမ်းခဲ့သည်။ထို့ကြောင့် အရှေ့တီမော လွတ်လပ်ရေး လှုပ်ရှားသူများ စိတ်ဓာတ်ကျခဲ့ကြသည်။
၁၉၉၁ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် ဒီလီမြို့ Motael ဘုရားကျောင်းတွင် အင်ဒိုနီးရှားတပ်ဖွဲ့ နှင့် တီမောလွတ်လပ်ရေးထောက်ခံသူများအကြား ထိတွေ့မှုဖြစ်ပွားခဲ့သည်။ ထိုထိတွေ့မှုအတွင်း Sebastião Gomes ကို အင်ဒိုနီးရှားတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး သေဆုံးခဲ့သည်။ အင်ဒိုနီးရှားထောက်ခံသူ Afonso Henriques လည်း တိုက်ပွဲအတွင်း သေဆုံးခဲ့သည်။
၁၉၉၁ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဒီလီမြို့၌ Gomes ၏ အုတ်ဂူသို့ သွားခဲ့ကြသည့် ဆန္ဒပြပွဲဖြစ်ပွားခဲ့သည်။ဒေသခံပြည်သူများသည် Motael ဘုရားကျောင်းမှ Santa Cruz သင်္ချိုင်းအထိ စုပေါင်းချီတက် လမ်းလျှောက်သွားခဲ့ကြသည်။ဆန္ဒပြပွဲသည် ၁၉၇၅ ခုနှစ်မှ စ၍ အင်ဒိုနီးရှားအုပ်ချုပ်မှုအပေါ် အကြီးဆုံး ဆန္ဒထုတ်ဖော်မှုဖြစ်ခဲ့သည်။

Remove ads
သတ်ဖြတ်မှု
၁၉၉၁ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့၊ Santa Cruz သင်္ချိုင်းတွင် အင်ဒိုနီးရှားတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ထိတွေ့မှုဖြစ်ပွားခဲ့သည်။အင်ဒိုနီးရှားစစ်သားများက အကြမ်းဖက်ဖြိုခွင်းခဲ့ကြသည်။[၁]အနည်းဆုံး ၂၅၀ ဦး သေဆုံးခဲ့သည်။ ထိုအတွင်း New Zealander Kamal Bamadhaj လည်း သေဆုံးခဲ့သည်။
ဗြိတိသျှ ဗီဒီယိုရိုက်ကူးရေးသမား Max Stahl သည် ထိုဖြစ်ရပ်အား လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးနိုင်ခဲ့သည်။ထို ဗီဒီယိုဖိုင်သည် နိုင်ငံတကာသတင်းပေးပို့မှုများတွင် အသုံးပြုခြင်းခံခဲ့ရသည်။
အင်ဒိုနီးရှားအာဏာပိုင်များကမူ အဆိုပါသတ်ဖြတ်မှုကို “ဆန္ဒပြသူများ၏ အကြမ်းဖက်မှု” သို့မဟုတ် “အမှားအယွင်း” ဟု သတ်မှတ်ခဲ့ကြသည်။
Remove ads
သတ်ဖြတ်မှုအပြီး နိုင်ငံတကာ တုံ့ပြန်မှု
၁၉၉၁ ဒီလီ ဆန္ဒပြပွဲများ သို့မဟုတ် Santa Cruz သတ်ဖြတ်မှုအပြီးတွင် ကမ္ဘာအနှံ့ရှိ လူ့အခွင့်အရေးနှင့် လွတ်လပ်ရေး လှုပ်ရှားသူများသည် အရှေ့တီမောကို ထောက်ခံ၍ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ အရှေ့တီမောတွင် လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ဆုံးဖြတ်ခွင့်အတွက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် သတ်ဖြတ်မှုအပြီး ပိုမို တိုးတက်စွာ လှုပ်ရှားခဲ့ကြသည်။
TAPOL (ဗြိတိသျှ အဖွဲ့) သည် အင်ဒိုနီးရှားဒီမိုကရေစီကို ထောက်ပံ့ရန် အရှေ့တီမောတွင် လှုပ်ရှားမှုများ တိုးမြှင့်ခဲ့သည်။အမေရိကန်ကလည်း East Timor Action Networkအား စတင်ဖွဲ့စည်းပြီး နိုင်ငံအနှံ့ ၁၀ မြို့တွင် ဌာနခွဲများ ဖွင့်လှစ်ခဲ့သည်။အလားတူ ပေါ်တူဂီ၊ ဩစတြေးလျ၊ ဂျပန်၊ ဂျာမနီ၊ မလေးရှား၊ အာရိန်း၊ ဘရာဇီးလ် တို့တွင်လည်း ဆန္ဒပြသူ အဖွဲ့များ စတင် ဖွဲ့စည်းခဲ့သည်။
Santa Cruz သတ်ဖြတ်မှုဗီဒီယိုများကို ကမ္ဘာတစ်ဝှမ်း ပြသခြင်းကြောင့် အင်ဒိုနီးရှားအစိုးရသည် အရှက်ရခဲ့သည်။
အမေရိကန် သည် အင်ဒိုနီးရှားစစ်တပ်အား ငွေကြေးထောက်ပံ့မှု ရပ်တန့်ခဲ့သည်။[၂]၁၉၉၉ ခုနှစ် တွင် သမ္မတ ကလင်တန် သည် အင်ဒိုနီးရှားစစ်တပ်နှင့် အမေရိကန်စစ်ရေးဆက်ဆံရေးကို ရပ်တန့်ခဲ့သည်။ပေါ်တူဂီအစိုးရကလည်း သတ်ဖြတ်မှုအပြီး ညှိနှိုင်းရေး လုပ်ငန်းများကို တိုးမြှင့်ခဲ့သော်လည်း အခြား ဥရောပနိုင်ငံများသည် စီးပွားရေးဆက်ဆံရေးကြောင့် အင်ဒိုနီးရှားကို ဖိအားမပေးနိုင်ခဲ့ကြပေ။
သို့သော်လည်း Santa Cruz သတ်ဖြတ်မှုအပြီး အရှေ့တီမောပြည်သူများသည် ၎င်းတို့၏ လွတ်လပ်ရေးအတွက် အာရုံစိုက်ခဲ့ကြပြီး၊ကုလသမဂ္ဂ၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဥပဒေအရ ၁၉၉၉ခုနှစ်တွင် တီမောအား အင်ဒိုနီးရှားတို့ လက်လွှတ်ခဲ့ရတိုင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ သည်။ လက်ရှိ တီမောနိုင်ငံ တွင် နိုဝင်ဘာ ၁၂ ရက်ကို အများပြည်သူ အထိမ်းအမှတ်နေ့အဖြစ် မှတ်တမ်းတင်ထားသည်။
နောက်ဆက်တွဲများ
တီမောနိုင်ငံသည် ၂၀၀၂ခုနှစ် မေလ (၂၀) ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခုဖြစ်လာပြီး၊ (၂၁) ရာစု၏ ပထမဆုံးပေါ်ထွက်လာသော အချုပ်အခြာအာဏာပိုင်တိုင်းပြည်ဖြစ်လာခဲ့သည်။
၁၉၉၁ ဒီလီ ဆန္ဒပြပွဲများ အပြီး ၂၀၀၅ ခုနှစ် တွင် အမေရိကန် သည် အင်ဒိုနီးရှား နှင့် စစ်ရေးဆက်ဆံရေး ပြန်စတင်ခဲ့ပြီး၊ ၂၀၁၂ တွင် သမ္မတ အိုဘားမားသည် စစ်ရေးငွေထောက်ပံ့မှု US$1.56 ဘီလီယံ ထိ တိုးမြှင့်ပြီး အင်ဒိုနီးရှား အထူးတပ်ဖွဲ့များကို တိုက်ရိုက် လေ့ကျင့်ခွင့်ပြန်လည်ခွင့်ပြုပေးခဲ့သည်။[၃][၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads