၂၀၀၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၂၀၀၁ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပသော ပထမအကြိမ် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။ မလေးရှားနိုင်ငံအနေဖြင့် ပထမဆုံး လက်ခံကျင်းပခြင်းဖြစ်ပြီး ၂၀၀၁ ကွာလာလမ်ပူဆီးဂိမ်းအပြီး တစ်လအကြာတွင် ကျင်းပခဲ့သည်။ မလေးရှားနိုင်ငံအနေဖြင့် အားကစားပွဲတော်၏ ပထမဆုံးအိမ်ရှင်နိုင်ငံ ဖြစ်လာသည်။
အားကစားနည်း ၂ မျိုးတွင် အားကစားသမား ၆၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ကြသည်။ မလေးရှား၊ ထိုင်းနှင့် မြန်မာတို့မှ ပထမ၊ ဒုတိယနှင့် တတိယတို့ ရရှိခဲ့သည်။
Remove ads
လက်ခံကျင်းပခြင်း
၂၈ ဧပြီ ၂၀၀၁ ခုနှစ်တွင် ပထမအကြိမ် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။
ကွင်းများ
၂၀၀၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို နေရာ၂ နေရာတွင်ကျင်းပခဲ့သည်။
Remove ads
ပြိုင်ပွဲအထိမ်းအမှတ်များ
အထိမ်းအမှတ်တံဆိပ်
၂၀၀၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ပန်းပွင့်ပုံဖြစ်ပြီး ထိုပန်းပွင့်ကို ပြိုင်ပွဲဝင် ၁၀ နိုင်ငံကို ကိုယ်စားပြုသော ပွင့်ဖက် ၁၀ ခုဖြင့် ပုံဖော်ထားသည်။ ထိုအရာမှာ အာဆီယံနိုင်ငံများ၏ ကတိကဝတ်၊ စည်းလုံးမှု၊ သဟဇာတဖြစ်မှုတို့အပြင် မသန်စွမ်းသူတို့၏ နေ့စဉ်ဘဝနှင့် အားကစားပိုင်းတို့တွင် သာတူညီမျှရှိမှုနှင့် အခွင့်အလမ်းများကို ရည်ညွှန်းထားသည်။
လာဘ်ကောင်
လာဘ်ကောင်မှာ ယူဂျန်းဟုခေါ်သော သမင်ကြွက်(mousedeer) ဖြစ်သည်။ ထိုသတ္တဝါမှာ မလေးရှားနိုင်ငံတွင်ရှိပြီး ပီလမ်ဒက်(pelanduk) သို့ ကန်စီ(kancil)ဟု ခေါ်ကြသည်။ ထိုသတ္တဝါမှာ ရိုးရာပုံပြင်များတွင် ထင်ရှားသော ဇာတ်လိုက်ဖြစ်ပြီး အန္တရာယ်များမှ လွတ်မြောက်ရန် ဖြတ်ထိုးဉာဏ်ကောင်းခြင်း၊ လျင်မြန်ခြင်း တို့ဖြင့် လုပ်ဆောင်တတ်သည်။ ၂၀၀၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲအတွက် ရွေးချယ်ရခြင်းမှာ မသန်စွမ်းအားကစားသမား၏ စိတ်ဓာတ်ခွန်အားတို့ကို ကိုယ်စားပြုရန်ဖြစ်သည်။ ယူဂျန်းဟူသည့် အမည်မှာ မလေးရှားလူငယ်များကို အများစုခေါ်သောအမည် ဖြစ်သည်။
သီချင်း
၂၀၀၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲအတွက် သီချင်းကို ဆီတီ နဟာလီဇာကဆိုခဲ့သည်။
Remove ads
ပွဲများနှင့်အားကစား
ဖွင့်ပွဲ
ဖွင့်ပွဲကို ဘူကစ်ဂျာလီရှိ ပူထရာအားကစားကွင်းတွင် ၂၆ အောက်တိုဘာ၊ ည ၈ နာရီအချိန်တွင် ကျင်းပခဲ့သည်။ Deputy Yang di-Pertuan Agong, Mizan Zainal Abidin မှ ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ပိတ်ပွဲ
ဖွင့်ပွဲကို ဘူကစ်ဂျာလီရှိ ပူထရာအားကစားကွင်းတွင် ၂၉ အောက်တိုဘာ၊ ည ၈ နာရီအချိန်တွင် ကျင်းပခဲ့သည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်လူမှုဖွံ့ဖြိုးရေး ဝန်ကြီးမှ အားကစားပွဲတော်ကို ပိတ်သိမ်းခဲ့သည်။
ပါဝင်သောနိုင်ငံများ
အားကစားနည်းများ
- ပြေးခုန်ပစ်
- ရေကူး
ဆုတံဆိပ်ဇယား
၂၀၀၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၄၁ ခု၊ ငွေတံဆိပ်၂၄၇ ခု၊ ကြေးတံဆိပ် ၁၇၂ ခု စုစုပေါင်းဆုတံဆိပ် ၇၆၀ ခု ချီးမြှင့်နိုင်ခဲ့သည်။ [၃][၄][၅][၆]
- Key
* အိမ်ရှင်နိုင်ငံ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads