၂၀၁၈ လားရှိုးမြို့ ဗုံးပေါက်ကွဲမှု
မြန်မာနိုင်ငံ၊ လားရှိုးမြို့ရှိ ဘဏ်နှစ်ခုအနီး ဗုံးပေါက်ကွဲမှု From Wikipedia, the free encyclopedia
Remove ads
၂၀၁၈ လားရှိုးမြို့ ဗုံးပေါက်ကွဲမှုမှာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအကြောင်းဖြစ်ပြီး ထိုပေါက်ကွဲမှုကြောင့် ရိုးမဘဏ်မှာ ဘဏ်ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်။
Remove ads
နောက်ခံအခြေအနေ
မြန်မာနိုင်ငံအစိုးရနှင့် သောင်းကျန်းသူအဖွဲ့အစည်းများကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဗုံးပေါက်ကွဲခြင်းမှာ ရှမ်းပြည်နယ်အတွက် ထူးခြားသော ကိစ္စရပ်တစ်ခုမဟုတ်ခဲ့ပေ။ သို့သော် ထိုသို့ပေါက်ကွဲများသည် ပြည်သူများအား ထိခိုက်သေဆုံးစေရန် ပြုမူမှုများမှာ ဖြစ်ပွားခဲလှပါသည်။[၁]
ပေါက်ကွဲမှု ဖြစ်ပွားခြင်း
ပေါက်ကွဲမှုမှာ ၂၁ ရက် ဖေဖော်ဝါရီလ ၂၀၁၈ ခုနှစ် မြန်မာစံတော်ချိန် ၄ နာရီ ၃၀ မိနစ်ဝန်းကျင်လောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘဏ်နှစ်ခုဖြစ်သည့် ရိုးမဘဏ်နှင့် ဧရာဝတီဘဏ်အကြားတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိုပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်းနှစ်ဦး နေရာတွင်ပင် သေဆုံးခဲ့သည်။[၁][၂] ထို့ပြင် အခြားသော ၂၂ ဦးမှာ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည်။[၃][၄][၅]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads