ချပုံးရွာ၊ ရေဖြူမြို့နယ်
ချပုံးရွာ သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျွဲသုံးညီမကျေးရွာအုပ်စု၌ တည်ရှိသည်။ မွန်ဘာသာစကားဖြင့် ချပုံးရွာကို ကွာန်ဒဵုသ္ဇၚ် ဟု ခေါ်ဆိုကြပြီး အဓိပ္ပာယ်မှာ သဇင်တောင်ရွာ ဖြစ်သည်။ ရွာတွင် ဘုန်းကြီးကျောင်း နှစ်ကျောင်း ရှိပြီး တောင်ပေါ်ကျောင်း နှင့် ကမ်းနားကျောင်းတို့ ဖြစ်သည်။ ရွာအဝင်တွင် စေတီတစ်ဆူရှိပြီး မွန်ဘာသာဖြင့် စေတဳကျာ်ဒဵုသ္ဇၚ် (သဇင်တောင်ရွာဘုရားစေတီ) ဟု ခေါ်ဆိုကြသည်။
Read article