ချပုံးရွာ၊ ရေဖြူမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ချပုံးရွာ (အင်္ဂလိပ်: Cha Pone)သည် တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်ရေဖြူမြို့နယ်ကျွဲသုံးညီမကျေးရွာအုပ်စု၌ တည်ရှိသည်။ [] မွန်ဘာသာစကားဖြင့် ချပုံးရွာကို ကွာန်ဒဵုသ္ဇၚ် ဟု ခေါ်ဆိုကြပြီး အဓိပ္ပာယ်မှာ သဇင်တောင်ရွာ ဖြစ်သည်။ ရွာတွင် ဘုန်းကြီးကျောင်း နှစ်ကျောင်း ရှိပြီး တောင်ပေါ်ကျောင်း နှင့် ကမ်းနားကျောင်းတို့ ဖြစ်သည်။ ရွာအဝင်တွင် စေတီတစ်ဆူရှိပြီး မွန်ဘာသာဖြင့် စေတဳကျာ်ဒဵုသ္ဇၚ် (သဇင်တောင်ရွာဘုရားစေတီ) ဟု ခေါ်ဆိုကြသည်။

အချက်တိုများ ချပုံး, ချပုံးရွာ ...
Remove ads

လူဦးရေနှင့် လူမျိုးများ

မွန်လူမျိုးများ အဓိက နေထိုင်ကြပြီး ထားဝယ်လူမျိုးဗမာလူမျိုး နှင့် ကရင်လူမျိုးတို့ အနည်းငယ် နေထိုင်ကြသည်။ ပျှမ်းမျှအိမ်ခြေ ၁၅၀ - ၂၀၀ ကြားတွင် ရှိပြီး ပျှမ်းမျှလူဦးရေမှာ ၁၀၀၀ - ၁၅၀၀ ကြား ရှိသည်။

ကိုးကွယ်သည့်ဘာသာတရားများ

ထေရဝါဒဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်ကြသည်။ အခြားဘာသာဝင်များ မရှိသလောက်ပင် ဖြစ်သည်။ ဘုရားပွဲများကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။

ပြောဆိုသုံးစွဲကြသည့် ဘာသာစကားများ

မွန်ဘာသာစကားကို အဓိက ပြောဆိုသုံးစွဲကြပြီး ထားဝယ်ဘာသာစကားနှင့် ဗမာဘာသာစကားကို အနည်းငယ်သုံးစွဲမှုရှိသည်။ စာသင်ကျောင်းများတွင် ဗမာစကားနှင့် မွန်စကားတို့ကို ရောနှော၍ ဆရာ ဆရာမများက သင်ကြားပေးသည်။

ပညာရေး

ရွာတွင် အခြေခံပညာအလယ်တန်းအဆင့် စာသင်ကျောင်း (၁) ကျောင်း ရှိသည်။

ကျန်းမာရေး

အစိုးရ ကျေးလက်ဆေးပေးခန်းရှိသော်လည်း တိုက်ပွဲကာလများ၌ ဆေးဆရာ/ဆရာမများ ထွက်ပြေးတိမ်းရှောင်မှုကြောင့် ကျေးလက်ဆေးပေးခန်းမှာ လုံးဝ ပျက်စီးနေပြီး ကျန်းမာရေးကိစ္စရပ်များ အတွက် ပုဂ္ဂလိကသူနာပြုသင်တန်းဆင်း ဆရာ/ဆရာမများကိုသာ အားကိုးနေကြရသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads