Map Graph

ရွှေမော်ဓောဘုရား(ပဲခူး)

သမိုင္း

ရွှေမော်ဓောဘုရား သည် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်၍ သင်တိုင်းစေတီခေါ် မကိုဋ်စေတီမျိုးဖြစ်သည်။ ပဲခူးမြို့၏ အရှေ့ပိုင်း ဟင်္သာကုန်းအစုတွင် အနောက်ဘက်ဆုံးကျသော ပဲကူး၊ သုဒဿန၊ မြင်းသီတ၊ မရင်သိန္န၊ မဓဝါ ဟူ၍ ခေတ်အလိုက် အမည်ပြောင်းခဲ့သော ကုန်းငယ်ပေါ်၌ ရွှေမော်ဓောစေတီတည်ရှိသည်။ ယခုအခါ၌မူ ထိုကုန်းကို ရွှေမော်ဓောကုန်းဟု အခေါ်များသည်။ ရွှေမောဓောဘုရားသည် ပဲခူး(မွန်ဘာသာဖြင့် ဗဂေါ)မြို့၏ ကျက်သရေဆောင်၊ ပဲခူးနယ်တစ်ဝိုက်တွင် အထင်ရှားဆုံး သာသနိက အဆောက်အအုံ တစ်ခုဖြစ်သည်။ ထိုဘုရားသည် ပဲခူးဒေသ၏ ဘာသာရေး သက်တမ်းတစ်လျှောက်တွင် အဓိကကျသော သာသနိကအမွေနှစ်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းတွင်းစေတီများအနက် ရွှေမော်ဓောစေတီသည် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည်။

Read article
ဖိုင်:Shwemawdaw_Pagoda,_Bago.jpgဖိုင်:Myanmar_location_map.svgဖိုင်:Shwemawdaw_Pagoda_in_1799.gifဖိုင်:Shwemawdaw-pagoda-500.jpgဖိုင်:Shwe_Maw_Daw_Stupa_(Broken_Part).jpg