Map Graph

ကွမ်းခြံကုန်းမြို့

မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်

ကွမ်းခြံကုန်းမြို့သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်တွင် တည်ရှိသည်။ ကွမ်းခြံကုန်းမြောက်ပိုင်းနှင့် ကွမ်းခြံကုန်းတောင်ပိုင်း မြို့နယ် ၂ နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ ထိုမြို့နယ် ၂ နယ်သည် မြောက်ဘက် ဒလတောကြီးတန်းမှ နေ၍ တောင်ဘက်ပင်လယ်အထိ ရောက်သည်။ တောကြီးတန်းသည် မြေရင့်မြေကျက်ကုန်းတန်းဖြစ်၍၊ သစ်တော၊ ဝါးတော၊ ကော်ဖတ်တောနှင့် ဥယျာဉ်တို့ဖြင့် ဖုံးလွှမ်းတည်ရှိသည်။ ကျန်မြေနိမ့်ပိုင်းမှာကား မြစ်ချောင်းတို့ဖြင့် သွယ်ဖြာယှက်သန်းလျက် မြေဩဇာကောင်းမွန်သော ပယ်လယ်တိမ် ပင်လယ်ကောမြေနုကျွန်းပေါ် ကွင်းပြင်ရပ်ဖြစ်သည်။

Read article