မောင်းမကန်ကမ်းခြေ
မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြိုအနီးရှိ ကမ်းခြေမောင်းမကန်ကမ်းခြေသည် တနင်္သာရီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေတစ်ခု ဖြစ်သည်။ ကမ်းခြေသည် ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံးမြို့နယ်တွင် တည်ရှိသည်။ ထားဝယ်မြို့မှ အနောက်ဘက် (၁၀) မိုင်ကျော်ခန့်အကွာတွင် တည်ရှိပြီး ကပ္ပလီပင်လယ်ပြင်ကြီးအား မျက်နှာမူထားသည်။ ထားဝယ်မြို့မှ ကမြောကင်းတံတားအား ဖြတ်ကျော်ပြီး သွားရမည် ဖြစ်သည်။ မောင်းမကန်ကမ်းခြေမရောက်မီ သုံးထပ်လမ်းမကြီးတည်ရှိသော တောင်ကို ဖြတ်ကျော်ရမည် ဖြစ်သည်။
Read article