မောင်းမကန်ကမ်းခြေ

မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြိုအနီးရှိ ကမ်းခြေ From Wikipedia, the free encyclopedia

မောင်းမကန်ကမ်းခြေmap
Remove ads

မောင်းမကန်ကမ်းခြေသည် တနင်္သာရီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေတစ်ခု ဖြစ်သည်။ ကမ်းခြေသည် ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံးမြို့နယ်တွင် တည်ရှိသည်။ ထားဝယ်မြို့မှ အနောက်ဘက် (၁၀) မိုင်ကျော်ခန့်အကွာတွင် တည်ရှိပြီး ကပ္ပလီပင်လယ်ပြင်ကြီးအား မျက်နှာမူထားသည်။ ထားဝယ်မြို့မှ ကမြောကင်းတံတားအား ဖြတ်ကျော်ပြီး သွားရမည် ဖြစ်သည်။ မောင်းမကန်ကမ်းခြေမရောက်မီ သုံးထပ်လမ်းမကြီးတည်ရှိသော တောင်ကို ဖြတ်ကျော်ရမည် ဖြစ်သည်။

အချက်တိုများ မောင်းမကန်ကမ်းခြေ, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

မောင်းမကန်ဟု အမည်နာမ ဖြစ်ပေါ်လာရခြင်း အကြောင်းမှာ ရှေးအခါမြန်မာမင်းများ (အလောင်းစည်သူမင်းဟုလည်း ဆို[]) မောင်းမကန်ကမ်းခြေ ကို ဖောင်တော်ဆိုက်ကပ်သော အခါ ကမ်းခြေမှာ အနားယူသည် ဆိုသည်။ ထိုအချိန်တွင် မောင်းမခြွေရံများက ရေကူးကစားပြီးသောအခါ ဆားငန်ရေများအား ရေချိုဖြင့်ပြန်ချိုးရန် ရေမရှိသည့်အတွင် ရေကန်တူးပေးရာ မှ ထိုနေရာကို မောင်းမ ကန် တဆင့် မောင်းမကန် ဟု ခေါ်တွင်ရခြင်း ဖြစ်၏။

အနေအထား

မောင်းမကန်ကမ်းခြေသည် မြန်မာနိုင်ငံတွင် အဖြောင့်တန်းဆုံး ကမ်းခြေဟု ဆိုရမည်။ မြန်မာနိုင်ငံ မြောက်မှ တောင်ဘက်သို့ ဖြောင့်တန်းစွာ ကပ္ပလီ ပင်လယ်ပြင်အား မျက်နှာမူလျက်ရှိသည်။ ကမ်းခြေတွင် ကျောက်ဆောင်အနည်းငယ် ရှိသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads