Map Graph

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်(အင်္ဂလိပ်: Myanmar Mercantile Marine College)သည် ရေကြောင်းနှင့် ရေကြောင်းအင်ဂျင်နီယာ ကဏ္ဍနှစ်မျိုးစလုံးနှင့် သက်ဆိုင်သော သင်တန်းများကို ပို့ချပေးနေသည့် တစ်ခုတည်းသော နိုင်ငံပိုင်အဖွဲ့အစည်းဖြစ်သည်။ ပင်လယ်ရေကြောင်းအမှုထမ်းများအား နိုင်ငံပိုင်နှင့် နိုင်ငံခြားကုမ္ပဏီပိုင် ရေယာဉ်များတွင် အမှုထမ်းနိုင်သည့်နိုင်ငံတကာ အသိအမှတ်ပြု ရေကြောင်းဘက်ဆိုင်ရာကျွမ်းကျင်သူများ ဖြစ်လာစေရေး လေ့ကျင့်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တွင် အခြေခံသင်္ဘောသားမှ ရေယာဉ်မှူး၊ ပထမရေကြောင်းအင်ဂျင်နီယာအဆင့်တိုင်အောင် သက်ဆိုင်ရာပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည်။

Read article
ဖိုင်:MMMC.png