လုပ်သားများကောလိပ်
လုပ်သားကောလိပ် သည် ရန်ကုန်တက္ကသိုလ်၏ အဖွဲ့အစည်းတွင်ပါဝင်သည့် ကောလိပ်တစ်ခု ဖြစ်သည်။ ရန်ကုန်မြို့ အရှေ့ဘက် ဗိုလ်တထောင်မြို့တွင် တည်ရှိသည်။ များသောအားဖြင့် အချိန်ပိုင်းကျောင်းသားများအတွက် သိပ္ပံ၊ ဥပဒေ၊ လစ်ဘရယ် ဝိဇ္ဇာ တို့ကို ဘွဲ့ကြိုအစီအစဉ်များဖြင့် သင်ကြားပေးသည်။ လုပ်သားများကောလိပ်သည် ၂၀၀၄ ခုနှစ်ကတည်းက ပရဝုဏ်နယ်မြေကို အသစ်ဖြစ်သည့် မြန်မာနိုင်ငံအမျိုးသားစီမံခန့်ခွဲမှု တက္ကသိုလ် သို့ ပြောင်းလဲခဲ့သည်။
Read article