သာသနာ့ရံသီမြန်မာဘုရားကျောင်း
သာသနာ့ရံသီမြန်မာဘုရားကျောင်း သည် စင်္ကပူနိုင်ငံတွင် တည်ရှိသည့် တစ်ခုတည်းသော မြန်မာ့ထေရဝါဒဗုဒ္ဓဘာသာကျောင်းတော်ဖြစ်ပြီး သက်တမ်းအရှည်ကြာဆုံးသော ထေရဝါဒဆိုင်ရာနေရာတစ်ခုလည်း ဖြစ်သည်။ ကျောင်းတော်ကို ၁၈၇၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကျောင်းတော်ကို မူလနေရာဖြစ်သည့် ကင်တလမ်း (Kinta) ရှိ နေရာမှ Novena ရှိ Tai Gin Road off Ah Hood လမ်းသို့ ပြောင်းရွှေ့ခဲ့သည်။ ကျောင်းတော်တွင် အဖြူရောင်စကျင်ကျောက်ဖြင့် ထွင်းထုထားသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိသည်။ ၎င်းရုပ်ပွားတော်သည် မြန်မာနိုင်ငံ၏ ဘာသာရေးဆိုင်ရာ အမှတ်အသားတစ်ခုဖြစ်သည်။ စင်္ကာပူနိုင်ငံသားများသည် ရုပ်ပွားတော်သို့ လာရောက်ရာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်း၊ ထိုကုသိုလ်ကောင်းမှုများကို အမျှပေးဝေခြင်းများ လုပ်ဆောင်ကြသည်။
Read article