သာသနာ့ရံသီမြန်မာဘုရားကျောင်း
From Wikipedia, the free encyclopedia
Remove ads
သာသနာ့ရံသီမြန်မာဘုရားကျောင်း (also known as Maha Sasana Ramsi; မြန်မာ: သာသနာ့ရံသီ မြန်မာဘုရားကျောင်း; တရုတ်: 缅甸玉佛寺; ပင်ယင်: Miǎndiàn yùfósì) သည် စင်္ကပူနိုင်ငံတွင် တည်ရှိသည့် တစ်ခုတည်းသော မြန်မာ့ထေရဝါဒဗုဒ္ဓဘာသာကျောင်းတော်ဖြစ်ပြီး သက်တမ်းအရှည်ကြာဆုံးသော ထေရဝါဒဆိုင်ရာနေရာတစ်ခုလည်း ဖြစ်သည်။ ကျောင်းတော်ကို ၁၈၇၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကျောင်းတော်ကို မူလနေရာဖြစ်သည့် ကင်တလမ်း (Kinta) ရှိ နေရာမှ Novena ရှိ Tai Gin Road off Ah Hood လမ်းသို့ ပြောင်းရွှေ့ခဲ့သည်။ ကျောင်းတော်တွင် အဖြူရောင်စကျင်ကျောက်ဖြင့် ထွင်းထုထားသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိသည်။ ၎င်းရုပ်ပွားတော်သည် မြန်မာနိုင်ငံ၏ ဘာသာရေးဆိုင်ရာ အမှတ်အသားတစ်ခုဖြစ်သည်။ စင်္ကာပူနိုင်ငံသားများသည် ရုပ်ပွားတော်သို့ လာရောက်ရာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်း၊ ထိုကုသိုလ်ကောင်းမှုများကို အမျှပေးဝေခြင်းများ လုပ်ဆောင်ကြသည်။
Remove ads
သမိုင်း
ကျောင်းတော်ကို မြန်မာလူမျိုး ဦးသာထင်က တည်ထောင်ခဲ့သည်။ ၎င်းကို Tang Sooay Chin ဟုလည်း သိကြသည်။ ကျောင်းတော်ကို ၁၈၇၅ ခုနှစ်တွင် 17 Kinta Road (off Serangoon Road) တွင် တည်ထောင်ခဲ့သည်။ ၁၈၇၈ ခုနှစ်တွင် ဦးသာထင်သည် ကျောင်းတောကို ဦးကျော်ကောင်း (Khoo Teogou ဟုလည်း သိကြ) သို့ လှူဒါန်းခဲ့သည်။ ဦးကျော်ကောင်းသည် မြန်မာတိုင်းရင်းသမားတော် ဖြစ်သည်။[၁] ကျောင်းတော်တွင် စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ရှိသည်။ ဤကျောင်းတော်သည် မြန်မာနိုင်ငံပြင်ပတွင် မြန်မာ့ဗိသုကာလက်ရာများအတိုင်းတည်ဆောက်ထားသည့် ကျောင်းတော်တစ်ခု ဖြစ်သည်။[၂]
ရည်ရွယ်ချက်
ဦးကျော်ကောင်း (Khoo Teogou ဟုလည်း သိကြ) ကို ၁၈၆၆ ခုနှစ်တွင် မြန်မာနိုင်ငံ၊ မန္တလေးမြို့တွင် ဖွားမြင်ခဲ့သည်။ သူသည် ဘဝအစောပိုင်းကာလကပင် စင်္ကာပူသို့ ရောက်ရှိနေခဲ့သည်။ နောက်ပိုင်းတွင် သူ၏ ဇနီးဖြစ်သူ ဒေါ်ခင်မေနှင့် အိမ်ထောင်ကျကာ ကလေးသုံးဦး ထွန်းကားခဲ့သည်။ ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရာ တိုင်းပြည်မှ လာခဲ့သည့်အတွက် ဦးကျော်ကောင်း၏ စိတ်ထဲတွင် စင်္ကာပူနိုင်ငံ၌ ထေရဝါဒဗုဒ္ဓဘာသာကို မိတ်ဆက်ပေးချင်လျက်ရှိသည်။[၃]
၁၉၀၇ ခုနှစ်တွင် သူသည် ကျောင်းတော်၏ ဂေါပကအဖြစ် ရွေးချယ်ခံခဲ့ရသည်။ သူသည် ကျောင်းတော်ကို အုပ်ချုပ်စီမံနေသည့်ကာလတွင် မြန်မာနိုင်ငံရှိ ရုပ်ပွားတော်များကဲ့သို့ အရွယ်အစားကြီးမားသည့် စကျင်ကျောက်ဗုဒ္ဓရုပ်ပွားတော်ထုလုပ်ရန် စိတ်ကူးရခဲ့သည်။ သသည် သူ၏ ကိုယ်ပိုင်ဝင်ငွေနှင့် အများပြည်သူ၏ အလှူငွေများဖြင့် ရန်ပုံငွေကို စုဆောင်းခဲ့သည်။ မြန်မာနိုင်ငံသို့ ခရီးအကြိမ်များစွာ သွားရောက်ခဲ့ပြီးနောက်တွင် မန္တလေးမြို့မြောက်ဘက် ၅၀ ကီလိုမီတာ (၃၁ မိုင်) အကွာရှိ စကျင်တောင်မှ ၁၀ တန်ကျော်လေးသည့် စကျင်ကျောက်တုံးတစ်ခုကို တွေ့ရှိခဲ့သည်။ စကျင်တောင်သည် မြန်မာနိုင်ငံတွင် အရည်အသွေးမြင့်မားသည့် စကျင်ကျောက်များ ထွက်ရှိသည့်အတွက် ထင်ရှားသည့် တောင်တစ်ခုဖြစ်သည်။ ထိုကျောက်တုံးကို Rs1,200 ဖြင့် ဝယ်ယူခဲ့ပြီး မန္တလေးသို့ ဆောင်ယူကာ ကျွမ်းကျင်သည့် ပန်းပုပညာရှင်များဖြင့် ထုဆစ်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ထုဆစ်ခဲ့ပြီး ရုပ်ပွားတော်၏ အမြင့်သည် ၃ မီတာ (၉.၈ ပေ) မြင့်မားသည်။ [၃]

ထိုအချိန်အခါက ခေတ်မီသည့် ပို့ဆောင်ဆက်သွယ်ရေးနှင့် အကြီးစားစက်ယန္တရားများ မရှိသည့်အတွက်ကြောင့် သယ်ယူရန်အတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ သယ်ယူပို့ဆောင်ရမည့် အကွာအဝေးသည် ကုန်းရေနှစ်တန် ပေါင်းပါက ၂၅၀၀ ကီလိုမီတာ (၁၆၀၀ မိုင်) ရှိသည့် ကြမ်းတမ်းသည့် ခရီးအကွာအဝေး ဖြစ်သည်။ သို့သော ဦးကျော်ကောင်းသည် ၁၉၂၁ ခုနှစ်တွင် ရုပ်ပွားတော်ကို အောင်မြင်စွာဖြင့် စင်္ကာပူသို့ ပင့်ဆောင်နိုင်ခဲ့သည်။ ရုပ်ပွားတော်ကို ပထမဆုံးအဖြစ် ဗုဒ္ဓဝိဟာရတွင် သီတင်းသုံးထားရှိခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် ကင်တလမ်းရှိ သီးသန့်ကျောင်းဆောင်တွင် ထားရှိခဲ့သည်။ ထိုကျောင်းဆောင်သည် လာရောက်ဖူးမြော်သူများ၏ ဝတ်ပြုရာကျောင်းဆောင်ဖြစ်လာခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ဦးကျော်ကောင်းသည် အသက် ၆၉ နှစ်အရွယ်၌ ဆုံးပါးခဲ့ပြီး ကျောင်းတော်၏ တစိတ်စိတ်တဒေသကို သီးသန့်နေရာအဖြစ် ပြောင်းလဲခဲ့သည်။ ကျောင်းတော်ကို ဦးကျော်ကောင်း၏ သားသမီးများသည် စစ်ကြိုခေတ်ကာလနှင့် ဂျပန်ခေတ်ကာလများတို့တွင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။[၃]
Remove ads
နေရာပြောင်းရွှေ့ခြင်း
၁၉၈၁ ခုနှစ် ဦးကျော်ကောင်းဆုံးပါးပြီးနောက်တွင် သူ၏ မိသားစုအား မြို့ပြဖွံ့ဖြိုးရေးအာဏာပိုင်က အိမ်ကိုဖယ်ရှားပေးရန် သတိပေးခဲ့သည်။ အစိုးရ၏ နေရာပြောင်းရွှေ့ခြင်း အစီးအစဉ်ကို လိုက်နာကာ ၁၉၈၈ ခုနှစ်တွင် ကျောင်းတော်ကို လက်ရှိတည်ရှိနေသည့် Tai Gin လမ်းသို့ ပြောင်းရွှေ့ခဲ့သည်။
ဆရာတော် ဦးပညာဝံသ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျောင်းတော်ကို အဆောက်အဦးအသစ်ကို ၁၉၉၁ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ ကျောင်းတော်တွင် မြန်မာ့ဗိသုကာပုံစံများ ပါဝင်သည်။ ကျွန်းသားတွင် ထွင်းထုထားပြီး မင်းတို့ကို မြန်မာနိုင်ငံ တိပိဋကနိကာယအဓိကစီမံအုပ်ချုပ်မှုမှ လှူဒါန်းခဲ့သည်။[၄]
Remove ads
ဗောဓိပင်
ကျောင်းတော်ပရဝုဏ်ထဲတွင် ဗောဓိပင်တစ်ပင်ရှိသည်။ ၎င်းဗောဓိပင်သည် စင်္ကာပူနိုင်ငံ၊ မင်္ဂလဗုဒ္ဓဝိဟာရကျောင်းတော်ရှိ အပင်၏ အစေ့မှ ရယူစိုက်ပျိုးထားခြင်း ဖြစ်သည်။ ဗောဓိပင်၏ အောက်တွင် မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်ကို အမှတ်ရစေရန်အတွက် စကြာမုနိဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ထားရှိသည်။ ၎င်းဗောဓိပင်ကို ကွယ်လွန်ခဲ့ပြီဖြစ်သည့် မင်္ဂလဝိဟာကျောင်းတော်ကို ကိုးကွယ်ဆည်းကပ်သူဖြစ်သည့် Madam Boey က ပြုစုပျိုးထောင်စိုက်ပျိုးခဲ့သည်။[၅] ဤဗောဓိပင်၏ မိခင်ပင်ရင်းဖြစ်သည့် ဗောဓိပင်ပျိုကို အသောကမင်း၏ သားတော်ဖြစ်သည့် ရဟန်းတော် မဟိန္ဒက သီရိလင်္ကာနိုင်ငံမှ စင်္ကာပူသို့ ပင့်ဆောင်ခဲ့သည်။[၆]
ဆောင်ရွက်မှုများနှင့် စီမံခန့်ခွဲမှု

တရားအားထုတ်ရာခန်းမ၌ ဆိတ်ငြိမ်စွာဖြင့် တရားအားထုတ်သူများသည် ကျင့်ကြံအားထုတ်နိုင်ရန် ခွင့်ပြုပေးထားသည်။ ကျောင်းတော်တွင် မြန်မာနိုင်ငံမှ ရဟန်းလေးပါး သီတင်းသုံးနေထိုင်လျက်ရှိပြီး ဆရာတော် ဦးပညာဝံသက ဦးဆောင်သည်။ ကျောင်းတော်၏ လုပ်ငန်းဆောင်တာများကို စီမံအုပ်ချုပ်မှု ကော်မတီက လုပ်ဆောင်လျက်ရှိသည်။ ထိုကော်မတီတွင် ကြည်ညိုသူ ဥပါသကာများနှင့် စင်္ကာပူအဖွဲ့အစည်းများပါဝင်သည်။ ရဟန်းတော်များသည် တရားဆွေးနွေးပွဲများ၊ ကြည်ညိုသူများအတွက် ဆုတောင်းခြင်းများကို တစ်နှစ်ပတ်လည်လုံး လုပ်ဆောင်ပေးသည်။ ကျောင်းတော်၏ တစ်နှစ်ပတ်လည်ပွဲများတွင် တရုတ်နှစ်ကူးအချိန်ကာလတွင် ရဟန်းတော်များအား လှူဖွယ်များဖြင့် လှူဒါန်းခြင်း၊ သင်္ကြန်ပွဲကာလကျင်းပခြင်း၊ ကထိန်ပွဲတော်များ၊ ဓမ္မစကြာအခါတော်နေ့၊ ကထိန်သင်္ကန်ဆပ်ကပ်လှူဒါန်းခြင်း စသည့်ပွဲတော်များနှင့် ရဟန်းခံရှင်ပြုပွဲများကိုလည်း ကျင်းပကြသည်။ အပတ်စဉ် သင်တန်းများအနေဖြင့် ဓမ္မနှင့် အဘိဓမ္မသင်တန်းများ၊ တရားအားထုတ်ခြင်း၊ ဥပုသ်သီလစောင့်ထိန်းခြင်းနှင့် ဓမ္မစကြာတရားတော် ရွတ်ဖတ်ပွားများခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိသည်။[၇]
Remove ads
စာပေများ
- Burmese Buddhist Temple Newsletter, vol. 10, no. 1, July 1996.
- Burmese Buddhist Temple Newsletter, vol. 21, no. 2, January 2007.
- Ong၊ Y. D. (2005)။ Buddhism in Singapore – A Short Narrative History။ Singapore: Skylark Publications။ ISBN 978-981-05-2740-2။
- Than၊ Mya (2001)။ In Commemoration of the Grand Opening of Burmese Buddhist Temple။ Singapore: Burmese Buddhist Temple။
ပြင်ပလင့်များ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads