၁၉၉၅ မြန်မာ - တရုတ် ငလျင်
၁၉၉၅ မြန်မာ - တရုတ် ငလျင် သည် မြန်မာ- တရုတ်နယ်စပ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ ဇူလိုင်လ ၁၂ ရက်နေ့၊ ဒေသစံတော်ချိန် 05:46:43 တွင် ဖြစ်ပွားခဲ့သည်။ ငလျင်ဗဟိုချက်သည် နယ်စပ်ဒေသ၏ မြန်မာဘက်ခြမ်း ရှမ်းပြည်နယ်၏ တောင်တန်းများ ရှိရာဒေသတွင် ဖြစ်ပွားခဲ့သည်။ ၎င်းသည် Ms ၇.၃ ရှိပြီး Mw ၆.၈ ရှိသည်။ အမြင့်ဆုံး မာကယ်လီပြင်းအားသည် ၈ ရှိသည်။ ငလျင်ကြောင့် လူပေါင်း ၁၁ ဦး သေဆုံးခဲ့ကာ ၁၃၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ နိုင်ငံနှစ်ခုစလုံးမှ အိမ်ပေါင်း ၁၀၀၀၀၀ ကျော်သည် ပျက်စီးခဲ့ကာ ၄၂၀၀၀ သည် ဆိုးဆိုးရွားရွား ပျက်စီးခဲ့သည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နှင့် ချင်းရိုင်မြို့များတွင်လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ငလျင်မဖြစ်ပွားမီက ကြိုတင်ကာ အသိပေးနှိုးဆော်မှုများ လုပ်ဆောင်ခဲ့သဖြင့် စုစုပေါင်း သေဆုံးမှုသည် နည်းပါးခဲ့သည်။ ဤငလျင်သည် သမိုင်း၌ အောင်မြင်စွာကြိုတင်၍ ခန့်မှန်းနိုင်ခဲ့သည့် တစ်ခုတည်းသော ငလျင်ဖြစ်သည်။