၁၉၉၅ မြန်မာ - တရုတ် ငလျင်

From Wikipedia, the free encyclopedia

Remove ads

၁၉၉၅ မြန်မာ - တရုတ် ငလျင် သည် မြန်မာ- တရုတ်နယ်စပ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ ဇူလိုင်လ ၁၂ ရက်နေ့၊ ဒေသစံတော်ချိန် 05:46:43 တွင် ဖြစ်ပွားခဲ့သည်။ ငလျင်ဗဟိုချက်သည် နယ်စပ်ဒေသ၏ မြန်မာဘက်ခြမ်း ရှမ်းပြည်နယ်၏ တောင်တန်းများ ရှိရာဒေသတွင် ဖြစ်ပွားခဲ့သည်။ [][]၎င်းသည် Ms ၇.၃ ရှိပြီး Mw ၆.၈ ရှိသည်။ အမြင့်ဆုံး မာကယ်လီပြင်းအားသည် ၈ ရှိသည်။ []ငလျင်ကြောင့် လူပေါင်း ၁၁ ဦး သေဆုံးခဲ့ကာ ၁၃၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ နိုင်ငံနှစ်ခုစလုံးမှ အိမ်ပေါင်း ၁၀၀၀၀၀ ကျော်သည် ပျက်စီးခဲ့ကာ ၄၂၀၀၀ သည် ဆိုးဆိုးရွားရွား ပျက်စီးခဲ့သည်။[] ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နှင့် ချင်းရိုင်မြို့များတွင်လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ငလျင်မဖြစ်ပွားမီက ကြိုတင်ကာ အသိပေးနှိုးဆော်မှုများ လုပ်ဆောင်ခဲ့သဖြင့် စုစုပေါင်း သေဆုံးမှုသည် နည်းပါးခဲ့သည်။ ဤငလျင်သည် သမိုင်း၌ အောင်မြင်စွာကြိုတင်၍ ခန့်မှန်းနိုင်ခဲ့သည့် တစ်ခုတည်းသော ငလျင်ဖြစ်သည်။[]

အချက်တိုများ UTC အချိန်, ISC ဖြစ်ရပ် ...
Remove ads

ပြင်းအား

အမြင့်ဆုံးလှုပ်ခါခဲ့သည့်ပြင်းအားသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ ယူနန်စီရင်စုတွင် ငလျင်သည် ဧရိယာ ၁၀၄၀၀ စတုရန်းကီလိုမီတာ အပေါ် ပြင်းထန်စွာသက်ရောက်ခဲ့သည်။ ယူနန်၏ ခရိုင်များနှင့် စီရင်စုနယ်များဖြစ်ကြသည့် Simao ခရိုင်၊ Linxiang ခရိုင်နှင့် Xishuangbanna Dai Autonomous စီရင်စုနယ် စသည်တို့တွင်လည်း သက်ရောက်မှုများ ရှိခဲ့သည်။ Menglian, Ximeng, Lancang, Cangyuan နှင့် Menghai စသည့်မြို့ငါးမြို့နှင့် ကျေးရွာပေါင်း ၂၂၄၂ ရွာသည် ငလျင်ဇုန်အတွင်း ကျရောက်ခဲ့ကာ အိမ်ထောင်စုပေါင်း ၁၂၇၄၂၀ ခု၊ လူပေါင်း ၅၇၇၁၈၈ ဦးအပေါ် သက်ရောက်မှု ရှိခဲ့သည်။[]

တရုတ်ငလျင်တိုင်းတာရေးက ဆိုသည်မှာ ငလျင်သည် ပြင်းအားသည် အဆင့် ၈ ရှိခဲ့သည်။ ယူနန်ပြည်နယ်တွင် ဧရိယာ ၁၁၀ စတုရန်းကီလိုမီတာကို သက်ရောက်ခဲ့သည်။ အုတ်နှင့် သစ်သားအဆောက်အဦများစွာတို့သည် ကြီးမားစွာ ထိခိုက်ပျက်စီးခဲ့သည်။ ပြင်းအားဇုန်အတွင်းတွင် တည်ရှိသည့် အချို့အဆောက်အဦများသည် ပြိုကျခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads