ကသာမြို့
မြန်မာနိုင်ငံ၊ စစ်ကိုင်းဒေသကြီးရှိ မြို့ / From Wikipedia, the free encyclopedia
ကသာမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းတွင် တည်ရှိသည်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်း၌ တည်ရှိသော ကသာမြို့မှာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည်။ သင်္ဘောဆိပ်မြို့ဖြစ်ပြီး ရထားလမ်း၊ ကားလမ်းများလည်း ဆုံရာမြို့ ဖြစ်သည်။ လေယာဉ်ကွင်း ရှိသော်လည်း ပုံမှန် ဆင်းသက်မှု မရှိပေ။ ကသာ-ဗန်းမော် ရထားလမ်းကို ဖောက်လုပ်ပြီးစီး၍ ရထားများပြေးဆွဲခဲ့သော်လည်း ယခုအခါမှာ ရထားများပြေးဆွဲတော့ခြင်းမှရှိပေ။ ကသာမြို့ သည် ရှေးအခါက ကမ်းသာ ဟု ထင်ရှားခဲ့သည်။ ရှမ်းဘာသာဖြင့် ကပ်ဆာဟု ခေါ်သည်။ မိုင်းသာဈေးမြို့ဟု အဓိပ္ပာယ်ရသည်။ ကဒူးရာဇဝင်တွင် ကဆာ (ကျားမြို့) ဟုတွေ့ရသည်။
အချက်တိုများ ကသာမြို့နယ်, နိုင်ငံအမည် ...
ကသာမြို့နယ် | |
---|---|
မြို့နယ် | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 24°13′N 96°08′E | |
နိုင်ငံအမည် | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်း |
ခရိုင် | ကသာ |
မြို့နယ်ရုံးစိုက်ရာမြို့ | ကသာမြို့ |
အချိန်ဇုန် | MST (UTC+၆:၃၀) |
ပိတ်ရန်