![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/d/d3/Flag_of_Kazakhstan.svg/langmy-640px-Flag_of_Kazakhstan.svg.png&w=640&q=50)
ကာဇက်စတန်နိုင်ငံ
အလယ်အာရှနိုင်ငံ / From Wikipedia, the free encyclopedia
ကာဇက်စတန်နိုင်ငံ၏ တရားဝင်အမည်မှာ ကာဇက်စတန် သမ္မတနိုင်ငံဖြစ်ပြီး အလယ်အာရှ နှင့် အရှေ့ဥရောပတွင် တည်ရှိကာ အာရှ နှင့် ဥရောပ တိုက်နှစ်ခုစလုံးတွင် တည်ရှိသည်။ ကမ္ဘာပေါ်တွင် နဝမမြောက် အကြီးဆုံး နိုင်ငံဖြစ်ပြီး အကြီးဆုံး ကုန်းတွင်းပိတ်နိုင်ငံလည်း ဖြစ်သည်။ ၎င်း၏ နယ်မြေ ၂,၇၂၇,၃၀၀ စတုရန်း ကီလိုမီတာ (၁,၀၅၃,၀၀၀) သည် အနောက်ဥရောပ ထက်ပင် ပို၍ ကျယ်ပြန့်သည်။
ကာဇက်စတန် သမ္မတနိုင်ငံ Қазақстан Республикасы (ကာဇက်) Qazaqstan Respublikasy | |
---|---|
နိုင်ငံတော် သီချင်း: Menıñ Qazaqstanym "My Kazakhstan" | |
![]() ကာဇက်စတန်နိုင်ငံ၏ တည်နေရာ (အစိမ်းရောင်) | |
မြို့တော် | နျူ-ဆူလ်တန်မြို့ 51°10′N 71°26′E |
အကြီးဆုံးမြို့ | အာမာတီမြို့ 43°16′39″N 76°53′45″E |
ရုံးသုံး ဘာသာစကားများ | ကာဇက် |
ပူးတွဲရုံးသုံးဘာသာစကား | ရုရှား[မှတ်စု 1] |
ရုံးသုံးအက္ခရာ | |
လူမျိုးစု (၂၀၂၀[2]) | |
Demonym | Kazakhstani[မှတ်စု 4][4] |
အစိုးရ | ပြည်ထောင်စု တစ်ပါတီကြီးစိုး သမ္မတစနစ်နှင့် ဖွဲ့စည်းပုံသမ္မတနိုင်ငံစနစ် |
• လုံခြုံရေးကောင်စီဥက္ကဋ္ဌ | နျူဆူလ်တန် နာဇာဘာယဲ့ဗ် |
• သမ္မတ | ကာဆင်း-ရှာမတ် တိုကာယဲ့ဗ် |
• ဝန်ကြီးချုပ် | အက်စကာ မာမင် |
• ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ | မျအူလင် အယ်ဆင်ဘာယဲ့ဗ် |
• မာရှီလစ်လွှတ်တော်ဥက္ကဋ္ဌ | နျူလန် နီဂ်မာတူလင်း |
ဥပဒေပြုလွှတ်တော် | ပါလီမန် |
ဆီးနိတ်လွှတ်တော် | |
မာရှီလစ်လွှတ်တော် | |
တည်ထောင်ခြင်း | |
၁၄၆၅ | |
၁၉၁၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် | |
၁၉၂၀ ခုနှစ် ဩဂုတ်လ ၂၆ ရက် | |
၁၉၂၅ ခုနှစ် ဇွန်လ ၁၉ ရက် | |
၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၅ ရက် | |
• အချုပ်အခြာအာဏာပိုင်အဖြစ် ကြေညာခဲ့ | ၁၉၉၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက် |
• ကာဇက်စတန်သမ္မတနိုင်ငံအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ | ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် |
• ဆိုဗီယက်ယူနီယံမှ လွတ်လပ်ရေးကြေညာခဲ့ | ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် |
၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် | |
၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် | |
၁၉၉၂ ခုနှစ် မတ်လ ၂ ရက် | |
• လက်ရှိဖွဲ့စည်းပုံ | ၁၉၉၅ ခုနှစ် ဩဂုတ် ၃၀ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၂,၇၂၄,၉၀၀ km2 (၁,၀၅၂,၁၀၀ sq mi) (အဆင့်: ၉) |
• ရေထု (%) | ၁.၇ |
လူဦးရေ | |
• ၂၀၂၀ ခန့်မှန်း | ![]() |
• သိပ်သည်းမှု | ၇/km2 (၁၈.၁/sq mi) (အဆင့် - ၂၃၆) |
GDP (PPP) | ၂၀၂၀ ခန့်မှန်း |
• စုစုပေါင်း | ![]() |
• Per capita | ![]() |
GDP (nominal) | ၂၀၂၀ ခန့်မှန်း |
• စုစုပေါင်း | ![]() |
• Per capita | ![]() |
Gini (၂၀၁၇) | ![]() နိမ့် |
HDI (၂၀၁၉) | ![]() အလွန်မြင့် · ၅၁ |
ငွေကြေး | ထန်ဂီ (₸) (KZT) |
အချိန်ဇုန် | အနောက် / အရှေ့ (UTC+5 / +6) |
ယာဉ်ကြောစနစ် | ညာ |
တယ်လီဖုန်းကုဒ် | +၇-၆xx၊ +၇-၇xx |
Internet TLD |
|
အိမ်နီးချင်းနိုင်ငံများမှာ ရုရှားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံနှင့် တာ့ခ်မင်နစ္စတန်နိုင်ငံများ ဖြစ်သည်။ ကက်စပီယန်ပင်လယ်နှင့်လည်း ထိစပ်နေသည်။ မြို့တော်မှာ အက်စ်တာနာ ဖြစ်သည်။ ယခင်မြို့တော်ဖြစ်သော အာမာတီမြို့ မှ ၁၉၉၇ခုနှစ်တွင် ပြောင်းရွှေ့သည်။
ကာဇက်စတန်နိုင်ငံ တည်ရှိရာနယ်မြေတွင် ရှေးအခါက နောမက် (ခေါ်) နေရာအတည်တကျမရှိ လှည့်လည်သွားလာနေသော လူမျိုးစုများ နေထိုင်ခဲ့ကြသည်။ ယင်းမှာ ၁၃ရာစု ရောက်သော် ပြောင်းလဲသွားလေသည်။ မွန်ဂိုဘုရင် ဂျင်ဂစ်ခန်က ဤဒေသကို သိမ်းပိုက်လိုက်သည်။
၁၆ရာစုအရောက်တွင် ကာဇက်လူမျိုးများသည် သီးခြားလူမျိုးစုများအဖြစ် ထင်ရှား လာပြီး ကာဇက်စတက်ပ်မြက်ခင်းပြင်ကို နယ်မြေသုံးခုအဖြစ် ပိုင်းခြား ကာ အုပ်ချုပ်လေသည်။ ၁၈ရာစုအတွင်း ရုရှားလူမျိုးများသည် ကာဇက်စတက်ပ် မြက်ခင်းပြင်များကို စတင်ကျူးကျော်လာပြီး ၁၉ရာစုအလယ် ပိုင်းရောက်သော် ကာဇက်စတန်သည် ရုရှားအင်ပိုင်ယာ၏ အစိတ်အပိုင်း ဖြစ်လာသည်။ ၁၉၃၆ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု၏ အစိတ်အပိုင်း ဖြစ်လာသည်။
၁၉၉၁ခုနှစ်၊ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲချိန်တွင် လွတ်လပ်ရေးရရှိသည်။ လက်ရှိသမ္မတဖြစ်သူ နျူဆူလ်တန် နာဇာဘာယာဗ့် သည် ၁၉၉၁ခုနှစ်ကတည်း ကပင် တိုင်းပြည်၏ခေါင်းဆောင် ဖြစ်နေသည်။
လူဦးရေ ၁၇.၇သန်း ရှိသည်။ လူမျိုးပေါင်း ၁၃၁မျိုး ရှိရာ ကာဇက်၊ ရုရှား၊ ယူကရိန်း၊ ဂျာမန်၊ ဥဇဘက်၊ တာတာနှင့် ဝီဂါ လူမျိုးများ ပါဝင်သည်။ လူဦးရေ၏ ၆၃% မှာ ကာဇက်လူမျိုး များ ဖြစ်သည်။ လူဦးရေ ၇၀% က အစ္စလာမ်ဘာသာ ကိုးကွယ်သည်။ ၂၆% မှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်သည်။