![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/1/16/Carl_Wilhelm_Scheele_from_Familj-Journalen1874.png/640px-Carl_Wilhelm_Scheele_from_Familj-Journalen1874.png&w=640&q=50)
ကားလ် ဗီဟိမ်း ရှေးလာ
From Wikipedia, the free encyclopedia
ကားလ် ဗီဟိမ်း ရှေးလာ (ဂျာမန်: Carl Wilhelm Scheele, ဂျာမန်: [ˈʃeːlə]; ၁၇၄၂ ဒီဇင်ဘာ ၉ - ၁၇၈၆ မေ ၂၁[1]) သည် ဆွီဒင်-ဂျာမန်[2] ဆေးဝါးဆိုင်ရာ ဓာတုဗေဒပညာရှင်ဖြစ်သည်။ ရှေးလာသည်အောက်စီဂျင်ကို ရှာဖွေတွေ့ရှိခဲ့သူဖြစ်သည် (သို့ရာတွင် ဂျိုးဇက် ပရီးစ်လီက ၎င်း၏ ရှာဖွေတွေ့ရှိမှုကို အရင်ထုတ်ဝေခဲ့သည်။) ။ ထို့အပြင် ရှေးလာသည် မာလစ်ဘ်ဒနမ်၊ တန်စတန်၊ ဘေရီယမ်၊ ဟိုက်ဒရိုဂျင်၊ ကလိုရင်းနှင့် အခြားများစွာတို့ကိုလည်း ခွဲခြားဖော်ပြပေးခဲ့သည်။ တာတာရစ်၊ အောက်ဆီလစ်၊ ယူရစ်၊ လက်တစ်၊ စစ်ထရစ်၊ ဟိုက်ဒရိုဖလူအိုရစ်၊ ဟိုက်ဒရိုဆိုင်ယန်နစ်၊ အာဆန်းနစ် စသည့် အက်ဆစ်များကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြန်သည်။[3] ၎င်းဘဝသက်တမ်းတစ်လျှောက် ဆွီဒင်စကားထက် ဂျာမန်စကား ပြောရသည်ကို ပို၍နှစ်ခြိုက်ခဲ့ပြီး ဆွီဒင်ဆေးဝါးဗေဒပညာရှင်များကြား၌ပင် ဂျာမန်စကားကို ပုံမှန်ပြောဆိုခဲ့သည်။[4]
အချက်တိုများ ကားလ် ဗီဟိမ်း ရှေးလာ, မွေးဖွား ...
ကားလ် ဗီဟိမ်း ရှေးလာ | |
---|---|
![]() ကားလ် ရှေးလာ | |
မွေးဖွား | (1742-12-09)၉ ဒီဇင်ဘာ၊ ၁၇၄၂ Stralsund, Swedish Pomerania |
ဆုံးပါး | ၂၁ မေ၊ ၁၇၈၆(1786-05-21) (အသက် ၄၃) ဆွီဒင်နိုင်ငံ၊ Köping |
နိုင်ငံလူမျိုး | ဂျာမန်-ဆွီဒင် |
နယ်ပယ် | ဓာတုဗေဒ |
ကျော်ကြားမှုအရင်းခံ | အောက်ဆီဂျင်၊ မာလစ်ဘ်ဒနမ်၊ မဂ္ဂနိစ်၊ ဘေရီယမ်၊ ကလိုရင်း၊ တန်စတန်နှင့်ဘအခြားများစွာ ရှာဖွေတွေ့ရှိမှုများ |
ပိတ်ရန်