ကိုတာ ကင်နာဘာလူးမြို့
From Wikipedia, the free encyclopedia
ကိုတာကင်နာဘာလူးမြို့ ကို ယခင်က ဂျက်ဆယ်လ်တန်မြို့ဟု ခေါ်ဝေါ်ခဲ့ပြီး[1] မလေးရှားနိုင်ငံ ဆာဘားပြည်နယ် ၏ မြို့တော် ဖြစ်သည်။ ဆာဘားပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းတိုင်း၏ မြို့တော်လည်း ဖြစ်သည်။ ဘော်နီယိုကျွန်း ၏ အနောက်မြောက်ဘက် ကမ်းရိုးတန်းတွင် တည်ရှိပြီး တောင်တရုတ်ပင်လယ်ကို မျက်နာမူလျှက် တည်ရှိသည်။ အနောက်ဘက်တွင် တွန်ကူး အဘဒူရ် ရာမန် အမျိုးသား ဥယျာဉ်ရှိပြီး အရှေ့ဘက်တွင် မြို့နာမည် အစွဲပြုထားသည့် ကင်နာဘာလူးတောင် ရှိသည်။ ကိုတာ ကင်နာဘာလူးတွင် လူဦးရေ အားဖြင့် ၄၅၂,၀၅၈ဦး ရှိပြီး[2] အနီးအနားရှိ ပီနမ်ပန် နှင့် ပူတာတန် ခရိုင်တို့ အပါအဝင် မြို့ကြီးဒေသတွင် ခန့်မှန်းခြေ လူဦးရေ ၆၂၈,၇၂၅ ဦးခန့် ရှိသည်။[2]
အချက်တိုများ ကိုတာကင်နာဘာလူးKota Kinabalu کوتا کينا بالو (ဂျာဝီ)亚庇 (တရုတ်) ဂျက်ဆယ်လ်တန်, နိုင်ငံ ...
ကိုတာကင်နာဘာလူး Kota Kinabalu کوتا کينا بالو (ဂျာဝီ) 亚庇 (တရုတ်) ဂျက်ဆယ်လ်တန် | |||
---|---|---|---|
ပြည်နယ်မြို့တော် | |||
ထိပ်ဆုံးညာဘက်မှ လက်ယာရစ် ထွန်းမူစတာဖာ တာဝါ၊ ဆွပ်ဒ်ငါး ရုပ်တု၊ ဝါဝါဆန် လမ်းဆုံ၊ ဝစ်ဆမာ ထွန်း ဖူယဒ် စတီဖင်၊ မြို့လယ်လမ်း နှင့် ဘော်နီယို မောလ် ၏ မြင်ကွင်းပုံ | |||
| |||
နိုင်ငံ | မလေးရှားနိုင်ငံ | ||
ပြည်နယ် | ဆာဘား |
ပိတ်ရန်