![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/3f/Scrub_Hare_%2528Lepus_saxatilis%2529_close-up_%252830544290256%2529_%25282%2529.jpg/640px-Scrub_Hare_%2528Lepus_saxatilis%2529_close-up_%252830544290256%2529_%25282%2529.jpg&w=640&q=50)
ကွင်းယုန်
နို့တိုက်သတ္တဝါ မျိုးစုတစ်ခု / From Wikipedia, the free encyclopedia
ယုန် ကို သာမန်အားဖြင့်သာ သိသူ များသည်။ တစ်မျိုးနှင့် တစ်မျိုးကို ခွဲခြား၍ သိသူကား နည်းသည်။ အမှန်မှာ ယုန် (၂)မျိုးရှိရာ တစ်မျိုးမှာ ကွင်းယုန် (အင်္ဂလိပ်: Hare) ဖြစ်၍ ကျန်တစ်မျိုးမှာ တွင်းယုန် (အင်္ဂလိပ်: Rabbit) ဖြစ်သည်။ ပါဏဗေဒအလိုအရ ကွင်းယုန် နှင့် တွင်းယုန် နှစ်မျိုးစလုံးသည် လပ်ပိုရီဒီး (Leporidae) မျိုးရင်းဝင်များဖြစ်ကြပြီး လက်ဂိုမော်ဖာ (Lagomorpha) မျိုးစဉ် အောက်၌ ပါဝင်ကြလေသည်။[1]
ကွင်းယုန် (အင်္ဂလိပ်: Hare) | |
---|---|
![]() | |
Scrub hare (Lepus saxatilis) | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Lagomorpha |
မျိုးရင်း: | Leporidae |
မျိုးစု: | Lepus လင်းနီးယပ်၊ ၁၇၅၈ |
အမျိုးအစား မျိုးစိတ် | |
Lepus timidus လင်းနီးယပ်၊ ၁၇၅၈ | |
မျိုးစိတ်များ | |
စာ၌ ရှု့ |
ကွင်းယုန်သည် ယင်း၏ အမွှေးထူခြင်း၊ နားရွက်ရှည်ခြင်းနှင့် လျင်မြန်ခြင်းတို့ကြောင့် လူသိများသည်။ အမှန်မှာ ကွင်းယုန်သည် အလျင်မြန်ဆုံး တိရစ္ဆာန်ငယ်များတွင် ပါဝင်လေသည်။ ဘေးအန္တရာယ်နှင့် တွေ့ကြုံလျှင် ကွင်းယုန်သည် ယင်း၏ လျင်မြန်ခြင်းကိုသာ အားကိုးလေသည်။ ထိုနည်းဖြင့် ကွင်းယုန်သည် ရန်သူများ၏ဘေးမှ လွတ်ကင်းနိုင်လေသည်။ အမေရိကန်နိုင်ငံတွင် ကွင်းယုန်များကို တွင်းယုန်များအဖြစ် ပြောဆိုနေခြင်းသည် စင်စစ်အားဖြင့် မှားလေသည်။ ကွင်းယုန်ကို ကမ္ဘာအနှံ့အပြား၌ လိုလိုပင် တွေ့နိုင်သော်လည်း တွင်းယုန်ကိုမူ ဥရောပတိုက်တွင်သာ စ၍ တွေ့ရသည်။ သို့သော် နောက်ပိုင်းတွင် တွင်းယုန်များကို အခြားတိုင်းပြည်များသို့ သယ်ဆောင်သွားကြလေသည်။[1]