![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/96/Flag_of_Connecticut.svg/langmy-640px-Flag_of_Connecticut.svg.png&w=640&q=50)
ကွန်နက်တီကတ်ပြည်နယ်
From Wikipedia, the free encyclopedia
ကွန်နက်တီကတ်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စု၏ မူလပြည်နယ်ကြီး ၁၃ ခုတွင် အပါအဝင်ဖြစ်၍ အတ္တလန္တိတ်ကမ်းခြေဘက်တွင် တည်ရှိသည်။ ထိုပြည်နယ်၏ မြောက်ဘက်တွင် မက်ဆာချူးဆက်ပြည်နယ်၊ အရှေ့ဘက်တွင် တရုတ်ကျွန်း၊ တောင်ဘက်တွင် နယူးယောက်ပြည်နယ်တို့က နယ်နိမိတ် သတ်မှတ် ထားလေသည်။ ကွန်နက်တီကတ်နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၅ဝဝ၉ သာရှိ၍ ၁၉၅ဝ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေမှာ ၂ဝဝ၇၂၈ဝ ယောက်ဖြစ်ရာ အကျယ်အဝန်းနှင့် မမျှအောင် လူဦးရေ ထူထပ်လေသည်။ ထိုနယ်တွင် မြို့ပေါင်းများစွာရှိ၍ မြို့တော်မှာ ကွန်နက်တီကတ်မြစ်ပေါ်တွင် တည်ရှိသော ဟာ့တ်ဖို့မြို့ ဖြစ်၏။ ၁၉၅ဝခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၇၇၃၉၇ ယောက် ရှိ သည်။ အခြားမြို့များမှာ ၁၉၅ဝ ခု လူဦးရေ ၁၆၄၄၄၃ ယောက်ရှိသော နယူးဟေးဗင်းမြို့နှင့် ၁၉၅ဝ ခု လူဦးရေ ၁၅၈၇ဝ၉ ယောက် ရှိသည့် ဗရစ်ဂျပို့မြို့တို့ ဖြစ်လေသည်။ ကမ္ဘာ၌ ထင်ရှားကျော်ကြားလှသော ယေးလ်တက္ကသိုလ်မှာ နယူးဟေးဗင်း မြို့တွင် ရှိလေသည်။ ကွန်နက်တီကတ်ပြည်နယ်သည် မြေဩဇာ ထက်သန်ကောင်းမွန်ခြင်း မရှိသဖြင့် လယ်ယာစိုက်ပျိုးရေး ကောင်းစွာမဖြစ်ထွန်းချေ။ သို့ရာတွင် နွားနို့ထွက်ပစ္စည်းလုပ်ငန်းနှင့် သစ်သီးခြံများမှာ နယ်၏စီးပွားရေးကို များစွာ အထောက်အပံ့ပေးလေသည်။ စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားသည့်ပြည်နယ်ဖြစ်သည့် အားလျော်စွာ ထွက်ကုန်များမှာ စက်မှုလက်မှု လုပ်ငန်းဆိုင်ရာ ပစ္စည်းသာလျှင် ဖြစ်သည်။ ထိုပြည်နယ်၏ အများဆုံး ထွက်ကုန်များမှာ ခဲယမ်းမီးကျောက်များ၊ လေယာဉ်ပျံ စသည့် စစ်သုံးပစ္စည်းများ၊ နာရီများနှင့် ဆေးလိပ် ဆေးတံ စသောကုန်စည်များ ဖြစ်ကြလေသည်။ [4]
ကွန်နက်တီကတ်ပြည်နယ် | |||
---|---|---|---|
| |||
![]() အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ကွန်နက်တီကတ် အားအရောင်ခြယ်ပြထား | |||
နိုင်ငံ | အမေရိကန်ပြည်ထောင်စု | ||
Before statehood | ကွန်နက်တီကတ်ကိုလိုနီ | ||
ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း | January 9, 1788 (5th) | ||
အကြီးဆုံးမြို့ | ဘရစ်ချ်ပို့တ်[1] | ||
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများ | ဂရိတ်တား ဟတ်ဒ်ဖို့ဒ်[2] | ||
အစိုးရ | |||
• ပြည်နယ်အုပ်ချုပ်ရေးမှူး | ဒန်မာလွိုင်း | ||
• လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူး | နန်စီဝိုင်းမင်းန် | ||
လူဦးရေ | |||
• စုစုပေါင်း | ၃,၅၁၈,၂၈၈ (၂၀၀၉ est.)[3] ၃,၄၀၅,၅၆၅ (၂၀၀၀) | ||
• သိပ်သည်းမှု | ၇၀၂.၉/sq mi (၂၇၁.၄၀/km၂) | ||
• ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေ | $၆၈,၅၉၅ | ||
• ဝင်ငွေအဆင့် | တတိယ | ||
ဘာသာစကား | |||
• ရုံးသုံးဘာသာစကား | None | ||
လတ္တီကျူ | 40°58′ N to 42°03′ N | ||
လောင်ဂျီကျူ | 71°47′ W to 73°44′ W |