ကွမ်တန်မြို့
မလေးရှား၊ ပါဟန်းပြည်နယ်မြို့တော် / From Wikipedia, the free encyclopedia
ကွမ်တန်မြို့ သည် မလေးရှားနိုင်ငံ ပါဟန်းပြည်နယ်၏ မြို့တော် ဖြစ်သည်။ ကွမ်တန်မြစ်ဝ အနီးတွင် တည်ရှိသည်။ ကွမ်တန်သည် ၂၀၁၀ ခုနှစ် လူဦးရေ အရ မလေးရှားနိုင်ငံတွင် ၁၈ ခုမြောက် အကြီးဆုံး မြို့ ဖြစ်ပြီး မလေးရှားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းတွင် အကြီးဆုံး မြို့ ဖြစ်သည်။ ၂၀၂၀ တွင် ကွမ်တန်အား မြို့တော် အဖြစ် ကြေညာမည်ဟု ခန့်မှန်းကြသည်။[1]
ပါဟန်းပြည်နယ်၏ အုပ်ချုပ်ရေး ဌာနအား ကွာလာ လီပစ် မှ ကွမ်တန်မြို့သို့ ၁၉၅၅ ခုနှစ် ဩဂုတ် ၂၇ ရက်တွင် တရားဝင် ရွှေ့ပြောင်းခဲ့ပြီး ဖွင့်လှစ်ပေးခဲ့သူမှာ ပါဟန်းပြည်နယ်၏ စူလတန် ဖြစ်သူ အဘူ ဘကာ ရီအာယာတူဒင် အယ်လ် မွဒ်ဇမ် ရှား ဖြစ်သည်။