From Wikipedia, the free encyclopedia
ခရက်ဒစ် ကဒ် သို့မဟုတ် အကြွေးဝယ်ကဒ် သည် ငွေကြေးပေးဆောင်ရသည့် ကဒ်အမျိုးအစားဖြစ်ပြီး ဘဏ်များမှ ထုတ်ပေးလေ့ရှိကာ အသုံးပြုသူများအား ပစ္စည်းများ ဝယ်ယူရန် သို့မဟုတ် ငွေကြေးထုတ်ယူရန် ခွင့်ပြုပေးထားသည်။ ကဒ်ဖြင့် အသုံးပြုသည့် ငွေကြေးပမာဏအား အကြွေးအဖြစ် သတ်မှတ်ကာ နောက်ပိုင်းတွင် ပြန်လည် ပေးဆပ်ရန် လိုအပ်သည်။[1] ခရက်ဒစ်ကဒ်များသည် ကမ္ဘာတစ်ဝန်း အသုံးပြုမှုများပြားသော ငွေကြေးပေးဆောင်မှုပုံစံများတွင် တစ်ခုအပါအဝင် ဖြစ်သည်။[2]
ပုံမှန် အကြွေးဝယ်ကဒ်တစ်ခုသည် လစဉ်လတိုင်း သို့မဟုတ် ငွေစာရင်းရှင်းတမ်းတစ်ကြိမ်စီတွင် ပြန်လည်ပေးဆပ်ရန် လိုအပ်သည်။[3] အကြွေးဝယ်ကဒ်သည် အသုံးပြုသူအား သုံးစွဲထားသော ငွေကြေးပမာဏအပေါ် အတိုးနှုန်းထပ်ပေါင်းကာ အကြွေးပမာဏကို စဉ်ဆက်မပြတ် ပေးဆပ်ရန် လိုအပ်သည်။
၂၀၁၈ ခုနှစ် ဇွန်လအရ ကမ္ဘာတစ်ဝန်းတွင် သုံးစွဲလျက်ရှိသော အကြွေးဝယ်ကဒ်ပေါင်း ၇.၇၅၃ ဘီလီယံ ရှိသည်။[4] ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံတွင် သုံးစွဲလျက်ရှိသော အကြွေးဝယ်ကဒ်ပေါင်း ၁.၀၉ ဘီလီယံ ရှိကာ နိုင်ငံရှိ အရွယ်ရောက်သူ ၇၂.၅% တွင် အကြွေးဝယ်ကဒ် အနည်းဆုံးတစ်ကဒ် ပိုင်ဆိုင်ထားသည်။[5][6][7][8]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.