ဂျက္ကဗိုက်။ ။ ဥရောပတိုက်နိုင်ငံများတွင် ၁၆ ရာစုနှစ်များအထိ ဗရင်ဂျီ ဂိုဏ်းသည် ပြိုင်ဖက်မရှိ ဩဇာကြီးခဲ့သည်။ ပြည့်ရှင်မင်းမှအစ ဆင်းရဲသားများအထိ ဗရင်ဂျီဂိုဏ်းဝင်များဖြစ်၍ ထိုဂိုဏ်းကို ဦးစီးသော ပုပ်ရဟန်းမင်းကြီး၏ ဩဇာအာဏာကို ရိုသေ လေးစားကြသည်။ သို့ရာတွင် ခရစ်နှစ် ၁၅ဝဝ ကျော်လောက် မှစ၍ ဂျာမနီပြည်က အစပြုကာ ပြန့်ပွားလာသော ပရိုတက် စတန့်ဂိုဏ်းကြီးထွန်းကားလာရာ ထိုဂိုဏ်းကို သက်ဝင်ယုံကြည် သူ ပေါများလာသည်။ ယင်းသို့ဖြစ်ရကား ထိုစဉ်အခါက အဂ‡ လန်ပြည်၌ အုပ်စိုးနေသော ဗရင်ဂျီဂိုဏ်းဝင် စတူးဝပ်မင်းဆက် ဒုတိယဂျိမ်းသည် ဗဘုရင်ဂျီဂိုဏ်း ပြန်လည် ထွန်းကား လာစေ ရန်အတွက် တိုင်းပြည်ဝန်ထမ်းများအတွက် ဗရင်ဂျီးဂိုဏ်းဝင် များအားသာ ခန့်အပ်ခဲ့သည်။ ထိုအခါ တိုင်းသူပြည်သားတို့ သည် ဒုတိယဂျိမ်းဘုရင်အား စက်ဆုပ်မုန်းတီးသဖြင့် ဂျိမ်း၏ သမီးတော် ပရိုတက်စတန့်ဂိုဏ်းဝင်ဖြစ်သော ဟော်လန်နိုင်ငံ မိဖုရားမေရီနှင့် မြောက်သားတော် ဝီလျံဘုရင်တို့အားခေါ်၍ နန်းအပ်ရာ ဂျိမ်းသည် ပြင်သစ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရ လေသည်။

၁၆၈၉ ခုနှစ်တွင် အင်္ဂလန်ထီးနန်းဆက်ခံခွင့် ဥပဒေကို အတည်ပြုလိုက်လေရာ အင်္ဂလိပ်ထီးနန်းဆက်ခံခွင့်ကို ပရိုတက် စတန့် ဂိုဏ်းဝင်များသာ ရရှိနိုင်ပေရကား ဂျိမ်းဘုရင်နှင့် သား တော် ဂျိမ်းမင်းသားတို့အား လိုလားကြသောသူများက ဂျိမ်း ဘုရင် ထီးနန်း ပြန်လည်ရရှိရေးကို ကြိုးစားကြလေသည်။ ထိုလူတစ်စုကို ဂျက္ကဗိုက်ဟု ခေါ်လေသည်။ ဂျက္ကဗိုက်ဟူသော အမည်မှာ 'ဂျိမ်း'ဟူသော အမည်၏ လက်တင်ဘာသာအခေါ် အဝေါ် ဖြစ်လေရာ ထီနန်းမှ နှင်ထုတ်ခြင်းခံရသော ဒုတိယ ဂျိမ်းဘုရင်နှင့်တကွ ဆွေစဉ်မျိုးဆက်များကို ဠကည်ညိုသူများဟု အဓိပ္ပာယ်ရလေသည်။

၁၇၁၄ ခုနှစ် ပထမဂျော့ဘုရင် နန်းတက်သောအခါ ဘုရင် သည် ဂျာမန်လူမျိုးသာဖြစ်သဖြင့် အင်္ဂလိပ်စကားကိုလည်း မတတ်၊ အင်္ဂလိပ်ဓလေ့ ထုံးစံကိုလည်း နားမလည်၊ အဂ‡လိပ် လူများကိုလည်း မလေးစားဘဲ ရှိနေပေရာ ဂျက္ကဗိုက် အဖွဲ့ဝင် များသည် အလွန်စိတ်နာကြည်းလျက် ၁၇၁၅ ခုနှစ်တွင် ပထမ ဂျက္ကဗိုက် ပုန်ကန်မှုကြီး ဖြစ်ပေါ်လာသည်။ သို့ရာတွင် ခေါင်း ဆောင်ကောင်း မရှိမှု၊ လက်နက်၊ရိက္ခာ၊ ကြေးငွေ မလုံလောက် မှုစသော အကြောင်းများကြောင့် ဂျက္ကဗိုက်များ အရေးနိမ့် ရလေသည်။

ဒုတိယဂျိမ်း၏မြေးတော် ချားမင်းသားခေါင်းဆောင်လျက် ဒုတိယအကြိမ် ဂျက္ကဗိုက်များ ပုန်ကန်ထကြွကြသည်။ သို့ရာ တွင် ထိုအကြိမ်၌လည်း ဂျက္ကဗိုက်များရှုံးပြန်ရာ ချားမင်းသား သည်ပင် ထွက်ပြေးတိမ်းရှောင်နေရ၏။ ထိုအခါမှစ၍ ဂျက္ကဗိုက် တို့သည် နိုင်ငံရေးနယ်ပယ်မှ ကွယ်ပျောက်၍ သွားသော်လည်း အစဉ်အလာ စွဲလမ်းမှုတစ်ခုကဲ့သို့ အရိပ်အငွေ့ ကျန်ရစ်လေ သည်။ စကော့တလန်ပြည်မှာ ဂျက္ကဗိုက်တို့၏ ပင်ရင်းဌာန ဖြစ် သောကြောင့် ရုတ်တရက် ဝါဒစွဲ မပျောက်နိုင်ခဲ့ပေ။ ပထမ ဂျက္ကဗိုက် အစွဲအလမ်းများသည် ကျန်ရှိနေခဲ့ပေသေးသည်။

[1]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.