From Wikipedia, the free encyclopedia
ဂျိမ်းဝု (James Wolfe) သည် ကနေဒါပြည် ကွီဗက်မြို့တိုက်ပွဲတွင် ပြင်သစ်တပ်ကို အနိုင်ရခဲ့ရသဖြင့် ထင်ရှားသော ဗြိတိသျှ ဗိုလ်ချုပ်ဖြစ်သည်။ ဗြိတိသျှတို့သည် ထိုစစ်ပွဲကိုအောင်သဖြင့် ကနေဒါတစ်ပြည်လုံးကို သိမ်းယူရရှိခဲ့သည်။ ဂျိမ်းဝုသည် ၁၇၂၇ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ ကင့်နယ်ရှိ ဝက်စတာဟမ်မြို့၌ ဖွားမြင်သည်။ အသက် ၁၄ နှစ်အရွယ်တွင် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့ရာ ဖလန်းဒါးနယ်နှင့် စကော့တလန်ပြည်ဘက်၌ ဦးစွာစစ်မှုထမ်းခဲ့ရသည်။ ဂျိမ်းဝုသည် ကိုယ်လုံးကိုယ်ထည် သေးသွယ်၍ ကျမ်းမာရေး၌ ချူချာသူတစ်ယောက် ဖြစ်သော်လည်း စစ်ပညာကို စေ့စပ်သေချာစွာ လေ့လာခဲ့ရသည်။ ထို့ကြောင့် စစ်ဖက်ရာထူး အဆင့်ဆင့်သို့ တိုးမြှင့်ခန့်ထားခြင်းခံရသည်။
ဗိုလ်ချုပ် ဂျိမ်း ဝုဖ် General James Wolfe | |
---|---|
"ဗိုလ်ချုပ် ဝုဖ်" | |
မွေးဖွား | ဝက်စတာဟမ်းမြို့၊ ကင့်ကောင်တီ၊ အင်္ဂလန်နိုင်ငံ | ၂ ဇန်နဝါရီ၊ ၁၇၂၇
ကွယ်လွန် | ၁၃ စက်တင်ဘာ၊ ၁၇၅၉ ၃၂) ကွီဗက်မြို့၊ နယူးဖရန့် | (အသက်
မြှုပ်နှံရာ နေရာ | St Alfege Church, Greenwich |
သစ္စာခံနိုင်ငံ | ဂရိတ်ဗြိတိန် |
လက်နက်ကိုင်တပ် | ဗြိတိသျှစစ်တပ် |
အမှုထမ်း ကာလ | ၁၇၄၀-၁၃ စက်တင်ဘာ ၁၇၅၉ † |
ရာထူးအဆင့် | Major General |
ကွပ်ကဲသည့် ဌာန | အမှတ် ၂၀ ခြေလျင်တပ်ရင်း |
တိုက်ပွဲ/စစ်ပွဲများ | War of Austrian Succession:
|
ဆွေမျိုးသားချင်း | Lieutenant General Edward Wolfe (ဖခင်) |
လက်မှတ် |
၁၇၅၈ ခုနှစ်တွင် ဝုသည် ဗိုလ်ချုပ်ကြီး ဂျက်ဖရီအမ်းမှတ်လက်အောက်၌ ဗိုလ်မှူးချုပ်အဖြစ်ဖြင့် ပြင်သစ်တို့ကိုတိုက်ခိုက်ရန် အမေရိကတိုက်သို့ လိုက်ပါခဲ့လေသည်။ နိုဗာစကိုရှားပြည်နယ် လွီစဗတ်တိုက်ပွဲတွင် ဝုသည် ရှေ့တန်းစစ်ကြောင်းကို ကွပ်ကဲတိုက်ခိုက်ခဲ့ရာ ပြင်သစ်တို့က အခိုင်အမာ တပ်စွဲထားသော ထိုခံတပ်ကို သိမ်းပိုက်ရရှိလေသည်။ တစ်ဖန် ၁၇၅၉ ခုနှစ်တွင် ဝန်ကြီးချုပ် ဝီလျံပစ်က ဝုအား ကွီဗက်မြို့ကို ဦးစီးတိုက်ခိုက်ရန် စေလွှတ်လေသည်။ ဝုကိုလည်း ဗိုလ်ချုပ် အဆင့်သို့ ရာထူးတိုးမြှင့်ခန့်ထားသည်။ သုံးလတိုင်တိုင် ကွီဗက်ခံတပ်ကို တိုက်ခိုက်သော်လည်း မအောင်မြင်ချေ။ နောက်ဆုံး၌ ၁၇၅၉ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ညဉ့်တွင် ဗြိတိသျှတပ်သား ၄ဝဝဝ ကို မြို့အထက်ရှိ အေဗရာဟမ်လွင်ပြင်သို့ စိန်လောရင့် မြစ်ကြောင်းအတိုင်း လှေများဖြင့် ချီတက်စေသည်။ ၁၃ ရက်နေ့ အရုဏ်တက်အချိန်တွင် ပြင်သစ်တပ်များသည် ဝုက ပရိယာယ်ဆင်၍ ရွေးချယ်ထားသော စစ်မြေပြင်၌ ဗြိတိသျှတပ်များကို ရင်ဆိုင်တိုက်ခိုက်ရလေသည်။ ထိုကွီဗက်တိုက်ပွဲတွင် ဗိုလ်ချုပ်ဝုသည် နှစ်ကြိမ်တိုင် ဒဏ်ရာရသော်လည်း ဆက်လက်၍ တိုက်ခိုက်မြဲ တိုက်ခိုက်သည်။ သို့ရာတွင် တတိယအကြိမ် ကျည်သင့်သောအခါ ကွယ်လွန်လေ၏။ ဗိုလ်ချုပ်ဝုသည် မကွယ်လွန်မီ မိမိတို့ဘက်မှ အရေးသာလျက်ရှိကြောင်း သိရှိသွားလေသည်။ ပြင်သစ်ဗိုလ်ချုပ် မွန့်ကမ်းလည်း ထိုတိုက်ပွဲ၌ပင် ကျဆုံးသည်။ ဗိုလ်ချုပ်ဝု၏ ရုပ်အလောင်းကို အင်္ဂလန်နိုင်ငံသို့ ယူဆောင်၍ ဂရင်းနစ်မြို့ရှိ ဘုရားရှိခိုးကျောင်း၌ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.