ဂျူးဘာသာ
From Wikipedia, the free encyclopedia
ဂျူဒါအစ်ဇင်(လက်တင်ဘာသာတွင် လူဒါအစ်မတ်စ်မှ ၊ ဂရိဘာသာတွင် လောက်ဒါအစ်မောစ့်(Ιουδαϊσμός Ioudaïsmos )နှင့် ဟီဘရူးဘာသာတွင် (יהודה ) ရဟုဒယုဒ သည်တန်နက် ဟု သိရှိထားသည့် ဟီဘရူးသမ္မာကျမ်း စာမှ ဆင်းသက်လာသော ယုံကြည်ခြင်းများနှင့် ဝတ်ပြုကိုးကွယ်ခြင်း ပုံစံတစ်ခုဖြစ်သည်။ တယ်မွတ် ကဲ့သို့သော နှောင်းပိုင်း ကျမ်းစာအုပ်များတွင် လေ့လာစူးစမ်းတွေ့ရှိခဲ့သည်။ ဂျူးလူမျိုးများ သည် ဂျူဒါအစ်ဇင်ကို ဘုရားသခင် ဖန်ဆင်းထူထောင်ပေးခဲ့သည့် အစ္စရေးကလေးငယ်များနှင့် ပိုင်ဆိုင်မှုတော်စပ် ခြင်း၏ ဖော်ပြချက်အဖြစ် မှတ်ယူထားသည်။ အစ္စရေးကလေးငယ်များသည် မူလအစအနေဖြင့် သမ္မာကျမ်းစာ ပါ ဘိုးဘေးဖြစ်သော ပက်ထရီအတ် ဂျက်ကော့ဘ် မှ ဆင်းသက်လာသည့် မျိုးနွယ်စု ဆယ့်နှစ်အုပ်စုဖြစ်သည်။ နောက်ပိုင်းတွင် ဂျူးလူမျိုးဖြစ်လာသည်။ အားလုံးသော အဖွဲ့များ၏ အဆိုအရ၊ ဘုရားသခင်သည် သူ၏ဥပဒေများနှင့် ပညတ်တော်များကို သိနတောင်ပေါ်တွင် မိုးဇက်သို့ စာဖြင့်ရော ၊ နှုတ်ဖြင့် ပါ တိုရာ ကျမ်းကို ဖွင့်ဟမြွက်ကြားခဲ့သည်။ သို့သော်လည်း ကာရိတ် ဂျူဒါအစ်ဇင်သည် စာဖြင့် ရေးခဲ့သည့် တိုရာကိုသာ စောင့်ထိန်းကြပြီး လွတ်လပ်လှုပ်ရှားမှုရှိ သည့် လူသားဆန်သော ဂျူဒါအစ်ဇင်သည် ဘာသာမဲ့ ဖြစ်သည်။
ဘာသာတရား | |
သမိုင်း | |
ဆရာ (အစရိယ) | |
အယူဝါဒ | |
ဂိုဏ်းများ | |
နိုင်ငံနှင့်ဒေသများ | |
ဂျူဒါအစ်ဇင် သည် နှစ်ပေါင်း ၃၀၀၀ ကျော် ထက်ကြာမြင့်စွာ သမိုင်းစဉ်ဆက်ရှိနေသည်ဟု ဆိုထားသည်။ ဂျူးဘာသာ သည် ရှေးအကျဆုံးသော ဘာသာရေးများတွင် တစ်ခုအပါအဝင် ဖြစ်ပြီး ယနေ့ထက်တိုင် ရှင်သန်လျက်ရှိ သည်။ သက်တမ်းအရင့်ဆုံးသော ဘာသာဖြစ်သည်။ ယင်းဘာသာ၏ အဆိုအမိန့်များ၊ ရိုးရာများနှင့် တန်ဖိုးထားရှိမှုတို့သည် ခရစ်ယာန်၊ အစ္စလာမ်နှင့် ဘဟေးယုံကြည်မှုတို့ အပါအဝင်နောက်ပိုင်း အေဗရာဟင်ဘာသာ ရေးများကို ဖန်တီးပေးခဲ့သည်။ များစွာသော ဂျူးဘာသာ၏သွင်ပြင်လက္ခဏာများသည် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ ၊ အနောက်တိုင်း လူမှုကျင့်ဝတ်များနှင့် မြို့ပြဥပဒေများအပေါ် လွှမ်းမိုးခဲ့ သည်။